စစ်ကောင်စီ ဖမ်းသွားသည် ကျောင်းဆရာတစ်ဦး ထောင်ထဲ ကိုဗစ်ဖြင့် သေဆုံး

တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်တွင် ယမန်နေ့ ( သြဂုတ် ၂၂) ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောင်းဆရာ တစ်ဦး သည် ကိုဗစ် ကြောင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ အကျဉ်းထောင်ထဲတွင် သေဆုံးသွားသည့် ကျောင်းဆရာ ဦးစိုးလွင်လွင်သည် အသက် (၂၆)နှစ်အရွယ်ရှိပြီး တောင်ကြီးမြို့နယ် သိမ်ကုန် ကျေးရွာတွင် မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ပြီး၊ စစ်ကောင်စီမှ မတရားဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်ထဲတွင် ကိုဗစ် -၁၉ ကူးစက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ သိမ်ကုန်းကျေးရွာကပါ၊ ၂၂ ရက်နေ့က အဖမ်းခံရတယ်၊ ဘာကြောင့် ဖမ်းသွားရလဲဆိုတာ မသိရဘူး၊ နောက်မကြာဘူး ကိုဗစ် ကြောင့် သေဆုံးသွားပြီလို့ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်း ကြားလာပါတယ်၊ ဒါပေမဲ့ ဖြစ်စဉ်အသေး စိတ်ကို မသိရသေးဘူး” ဟု နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ဦးစိုးလွင်လွင်သည် ဖမ်းဆီးခြင်းမခံရသည့် ကာလများတွင် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်သည့် အပြင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာမရှိကြောင်း လည်း ၎င်း ကပြောသည်။

မတရား ဖမ်းဆီးခံရ၍ အကျဉ်းကျနေစဉ် ဩဂုတ်လ ၂၂ ရက်တွင် ကွယ်လွန်သွားသည့် ကျောင်းဆရာ ဦးစိုးလွင်လွင်အတွက် တောင်ကြီးမြို့နယ် အခြေခံကျောင်းသားများသမဂ္ဂက ယမန်နေ့ ညပိုင်းမှာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ရေးသားထားပါသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ် မေး မြန်းရာတွင် ” မနေ့က နှလုံးရောဂါ အခံနဲ့ အသက် ၂၅ နှစ်အရွယ် တစ်ယောက်၊ အဲဒီကို (ထောင်သို့) ရောက်တော့ ဆုံးသွားတယ်။ နေပူဆာ လှုံနေတဲ့ အချိန်မှာ ရုတ်တရက် လဲကျပြီး ဆုံးသွားတာ၊ ကျန်တာတော့ မသိပါဘူး” ကမ္ဘောဇတိုင်းမီဒီယာက ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ရှိ အကျဉ်းထောင်များတွင် COVID-19 ရောဂါ ဖြစ်ပွားမှုမြင့်မားလျှက် ရှိပြီး ထိန်းသိမ်းခံထားရသူများအတွက် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောင့်မှုများလည်း မရရှိကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအဖွဲ့ AAPP ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတို့ကြောင့် ပြည်သူ ငါးထောင်ကျော်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး နှစ်ထောင်နီးပါး ဖမ်းဝရမ်းအထုတ်ခံထားရ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...