ကိုဗစ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ သေနတ်ကိုင်ပြီးစောင့်

သျှမ်းပြည်တဝှမ်း ရှိ ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်နေရာများတွင် စစ်ကောင်စီ တပ်သားများက သေနတ်ကိုင်ပြီး ဂိတ်စောင့်နေကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ တတိယလှိုင်းပြန့်ပွားမှုကြောင့် မြို့ဝင်၊မြို့ထွက် ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်များ ပြန်ဖွင့်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် စောင့်နေလျက်ရှိကြောင်း သိရသည်။

“ စစ်ဆေးရေးဂိတ်မှာက စစ်တပ်တွေစောင့်နေတယ်။ သူတို့က အဲနေရာပဲ စောင့်နေတာမဟုတ်ဘူး။ ရပ်ကွက်တွေထဲလည်စောင့်တယ်။ ရပ်ကွက်တွေ ကျူးကျော်မှုရှိလာရင်လည်း ဒဏ်ခတ်ငွေတွေတောင်းတယ်။ သေနတ်တွေနဲ့စောင့်နေကြတယ်။ ” ဟု လာရှိုးမြို့ ဒေသခံအမျိုးသားတဦးက ပြောသည်။

စစ်တပ်က စောင့်ဆိုင်းမှုသည် သွားလာရာအတွက် လွယ်ကူသော်လည်း စိတ်ကြောက်လန့်မှုတော့ရှိကြောင်း ပင်လုံမြို့ ဒေသခံ တဦးက ပြောသည်။

“ သူတို့က တက္ကသိုလ်ရှေ့မှာစောင့်တာ။ သွားလာရတာအေးဆေးပါတယ်။ ဘာမှတော့မဖြစ်ပါဘူး။ ဒါမဲ့ ဟိုအရင်လိုမဟုတ်ဘူးပေါ့။ လန့်တော့လန့်တာပေါ့” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသား တဦးကလည်း ပြောသည်။

ယခင်က NLD အစိုးရလက်ထက်တွင် ပရဟိတများ၊ စေတနာလူမှုကူညီးရေးအဖွဲ့များက ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်တွင် စောင့်ပေးနေလျက်ရှိပြီး ယခု စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် စစ်တပ်များကသာ လာရောက်စောင့်နေကြောင်း သိရသည်။

“ အရင်ကတော့ ပရဟိတ အဖွဲ့တွေရှိတယ်လေ။ အခုကတော့ စစ်တပ်ကပဲစောင့်နေတာ။ သူတို့ဘယ်လိုစောင့်ကြပ်နေလဲ‌ တော့ ကျနော်တို့လည်း အသေးစိတ်မသိရဘူး။ အသွားအလာတွေကတော့ ပုံမှန်ပါပဲ။ သွားလာလို့ရပါတယ်” ဟု တောင်ကြီးမြို့က ပရဟိတ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင် တစ်နေရာနှင့် တနေရာသွားရာတွင် ရပ်ကွက်ထောက်ခံစာဖြင့် သွားလာကြရကြောင်း သိရသည်။ ထိုသို့ သွားလာရာတွင် မဖြစ်မနေသွားလာနေရသူများသာ သွားခွင့်ပေးလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...