ဟိုပုံး

ကျပ်ငွေ တန်ဖိုးထိုးကျနေမူကြောင့် ဟိုပုံးမြို့ မြေကွက် ဝယ်သူပိုများလာ

ယခုရက်ပိုင်း၌ ပြည်တွင်းငွေကြေးတန်းဖိုး ကျဆင်းထိုးကျနေမူကြောင့် ဟိုပုံးမြို့တွင် ကျပ်ငွေအစား အိမ်ခြံမြေ၊ မြေကွက်ဝယ်ယူသူပိုများလာကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့အတွင်းရှိ မြေကွက်များကို ယခင်နှစ်များထက် မြန်မာ့ငွေကြေးတန်ဖိုး ပိုမိုကျဆင်းလာပြီးနောက်ပိုင်း မြေကွက်အဝယ်ပိုများလာကြောင်း မြေပွဲစားလုပ်ကိုင်နေသူက ပြောသည်။ “ဘာလို့ဆို ကျပ်ငွေတန်ဖိုးတအားကျနေတော့ လက်ထဲ ငွေမထားချင်ဘူးလေ အဲကြောင့်မြေကွက်တွေ ဝယ်လာကြတယ် မြေကွက်အဝယ်များတော့ ရောင်းတဲ့လူက ရှားတယ်...

ဟိုပုံး စစ်ကောင်စီ ခေါ်ဆိုသည့် စစ်မှုထမ်းမလိုက်ပါက ငွေကြေး အဆမတန်တောင်း ပြည်သူနှင့် စကားများရန်ဖြစ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် အနောက်ဘက်ရပ်ကွက်တွင် စစ်ကောင်စီမှ အရပ်သားများကို စစ်မှုထမ်းရန် အတွက် လာရောက်ပြီး စည်းဝေးနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အရပ်သား စကားများ ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်တွင် ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်တွင် စစ်ကောင်စီကနေပြီး စစ်မှုထမ်းခေါ်ဆိုရာ မလိုက်လိုပဲ လူငှား တစ်ဦးခေါ်ဆိုပါက...

ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည် ဟိုပုံးမြို့ နယ်တွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာ ယမန်နေ့ (ဇွန်လ ၂) ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သည် အထိ ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံသို့...

သျှမ်းတောင် ၂ လကျော်ကြာတိုက်ပွဲကြား အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲ ၂လကျော်ကြာ အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာနေကြောင်း စုံစမ်းသိရသည်။ အရပ်သားသေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းနှင့် ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့်ဖြစ်ပြီး ထိုထဲတွင် အသက် ၆ လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ၅ ဦး၊...

SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်းအား အလုံးအရင်း ဖြန့်ကျက်နေ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့...

ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ် အိမ်စီးကား ပစ်ခံရ၊အမျိုးသား၂ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-မိုင်းပွန် ကားလမ်း‌ပေါ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး မိုင်ပွန်ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်း သိရသည်။ ဟိုပုံးနှင့်မိုင်းပွန်ကြား ထမ်စမ်းဂူအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ )ရက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ဂိတ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းပွန်မြို့‌ဒေသခံ...

ဟိုပုံး-မိုင်းပွန်ကြား စစ်ကောင်စီ နှင့် PNO တို့ လမ်းပိတ်၊ ကားများပိတ်မိနေ

သျှမ်းပြည် ဟိုပုံး နှင့် မိုင်းပွန်တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်တို့ လမ်းပိတ်ထားသဖြင့် ကားများပိတ်မိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားရှိ ထမ်စမ်းဂူအနီးတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁) ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ...

စစ်ကောင်စီမှ ဆီဆိုင်မြို့နှင့် အနီးရှိရွာများကို လေကြောင်းဖြင့် တစ်ရက်အတွင်း အကြိမ်၂၀နီးပါး တိုက်ခိုက်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နှင့် အနီးအနားမှ ကျေးရွာ(၄)ရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် Y12လေယာဥ်များဖြင့် ဇန်နဝါရီလ ၂၅ရက် အတွင်း အကြိမ်၂၀ နီးပါး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ထို လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးပေါင်း...

တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲလုပ်မည့်အပေါ် ဒေသခံများ ကန့်ကွက်

သျှမ်းပြည် တောင်ကြီး - ဟိုပုံး ပြည်ထောင်စု ကားလမ်းဘေးရှိ TBC ကားရပ်နားစခန်း၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှ ထင်းရှူးတောကို အိမ်ရာစီမံကိန်း ဂရန်အမည်ပေါက် မြေကွက်အရောင်းဖွင့်ပွဲ ပြုလုပ်မည့်အပေါ် ဒေသခံများက ကန့်ကွက်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၂၂) ရက်တွင် Shwe Property page...

ဟိုပုံးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အတွင်းထိ ရေများဝင်

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမဘေးရှိ နေအိမ်ထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်တောင်း ပရဟိတကျောင်း သွားလမ်းဘေးရှိ နေအိမ်၌ ရေနုတ်မြောင်း မရှိသဖြင့် နေအိမ်၏ အောက်ထပ်အတွင်းသို့ ရေများစီးဝင်နေကြောင်း...

Latest news