တောင်ကြီးမြို့သို့ တိုင်းရင်းသားတပ် ဦးတည်ချီတက် သတင်းကြောင့် ဒေသခံများစိုးရိမ်

သျှမ်းတောင်၊ မြို့တော် တောင်ကြီးသို့ တိုင်းရင်းသားတပ်များ ဦးတည် ချီတက်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် မြို့ပေါ် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ယနေ့ (သြဂုတ်လ ၂၉ ရက်) တွင် ပြောသည်။

လက်ရှိ တောင်ကြီးမြို့နှင့် အနီးတဝိုက် တည်ငြိမ်နေသော်လည်း ရပ်စောက်-ကျောက်ဂူ ဘက်တွင် တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေသကဲ့သို့ ဆီဆိုင်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေစဥ် တိုင်းရင်းသားတပ်များ ချီတက်လာသည် ဆိုသည့် သတင်းကြောင့် မြို့ပေါ် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံ တဦးက ဆိုသည်။

“သျှမ်းတပ်က တောင်ကြီးကို ဝင်မယ်လို့လည်း ပြောနေကြတော့ တိုက်ပွဲဖြစ်မလား စိုးရိမ်တာပေါ့။ သတင်းတွေက အမျိုးမျိုးဆိုတော့” ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

ဟိုပုံးမြို့

သျှမ်းပြည်အတွင်း အင်အားကြီးမားသည့် သျှမ်းတပ်နှင့် မဟာမိတ်တပ် အင်အားထောင်ချီ ပူးပေါင်း ချီတက်နေရာ ယမန်နေ့က ဟိုပုံးဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

“ဟိုပုံးဘက် ရောက်နေပြီ။ ဘာကိုရည်ရွယ်နေတယ် ဆိုတာတော့ မပြောတတ်ဘူး” ဟု ၄င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သျှမ်းတော်လှန်ရေးတပ် SSPP နှင့် “ဝ” တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

PNLA

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဒေသတွင်း အင်အားကြီးမားသည့် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် (PNO) အင်အား သောင်းချီ အင်အားပြပြီးနောက် ယခုကဲ့သို့ တိုင်းရင်းသားတပ်များ ချီတက်လာသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိ တောင်ကြီးမြို့နယ်နှင့် ဆက်စပ်နေသည့် ရပ်စောက်၊ ညောင်ရွှေ၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ် အတွင်း တိုင်းရင်းသား တော်လှန်ရေးတပ်များ လှုပ်ရှားနေပြီး တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...