ဟိုပုံးတွင် သဘာဝဘေးကြောင့် ဘိန်းစိုက်ခင်း ပျက်စီး၊ အရင်းမကျန်ဟုဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ တောင်ဘက်ရှိ ကျေးရွာများတွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများသည် သဘာဝဘေးကြောင့် အားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

စက်တင်ဘာလမှ စတင်ပြီး ဟိုပုံးမြို့နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် မိုးသန်းထည်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးနီးပါး သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည်။

ထိုသဘာဝဘေးကြောင့် ဟိုပုံးမြို့တောင်ဘက် ဒေသများတွင် ဘိန်းစိုက်ခင်း အပါအဝင် အခြား ကုန်စိမ်း သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရင်းမကျန်ကြောင်း ဟိုပုံးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘိန်းစိုက်ခင်း

“ဘိန်းစိုက်တာက တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးတာများတယ်။ အနီးအနားဆို ရဲတွေက လာဖျက်သွားတယ်။ အဲဒါကြောင့် အဝေးမှာ စိုက်ရတာ။ ခုက စိုက်ခင်းတွေ မြေပြိုတော့ ကျောက်တုံးတွေ မြေကြီးတွေ သစ်တုံးတွေနဲ့ အကုန်ပိကုန်ပြီ။ ရင်းထားသမျှလည်း ဘာမှ မကျန်တော့ဘူး” ဟုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံ အနေဖြင့် ကော်ဖီနှင့် ကုန်စိမ်းသီးနှံများကို စိုက်ပျိုးသော်လည်း မြေပြိုသည့်အတွက်ကြောင့် စိုက်ပျိုးမြေ အများအပြား ပျက်စီးကုန်ပြီး ပြန်လည် အသုံးပြု၍ မရတော့ကြောင်း ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ဘိန်းစိုက်ခင်း

ဘိန်းသီးနှံကို တစ်နှစ်လျှင် (၂) ပိဿာမှ (၆) ပိဿာအထိ စိုက်ပျိုးကြပြီး အဓိကအားဖြင့် ပွဲစားလာဝယ်မှသာ ရောင်းချနိုင်ပြီး အများအားဖြင့် သျှမ်းပြည်မြောက်ပိုင်းသို့ တင်ပို့ကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့် ဟိုပုံးနှင့် ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်ကာလ နောက်ပိုင်း ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုတိုးလာကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ်တွင် ဒေသခံများမှာ စားဝတ်နေရေး အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင်နေရပြီး ပအိုဝ်း ပြည်သူ့စစ် (PNO)မှ လစဉ်အခွန်ကောက်ခံမှုကိုလည်း ထည့်သွင်းနေရတာကြောင့် ပို၍ ခက်ခဲကြပ်တည်းနေကြောင်း သိရသည်။

“PNO ကလည်း တစ်လကို ၅ သောင်းကျပ် ပုံမှန်ကောက်တယ်။ ကျနော်တို့အိမ်ဆို မြေပြိုတဲ့အထဲ မပါရုံလေးပဲ။ ခြံလည်း မကျန်တော့ဘူး။ ဘာစိုက်ပျိုးစရာမြေမှ မရှိတော့ဘူး အကုန်ပျက်။ ရွာမှာက လူငယ်တွေ မရှိကြတော့ဘူး၊ အကုန်နိုင်ငံခြားထွက်ကုန်တာ။ လူကြီးတွေပဲ ကျန်တာဆိုတော့ ပြန်လည် ထူထောင်ရေးလုပ်ဖို့ ခက်တာပေါ့” ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ မြေပြိုထားတာကြောင့် လမ်းများပျက်စီးနေပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် လူအင်အားနှင့် ငွေအင်အားများ လိုအပ်နေသေးကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

ယခုလက်ရှိ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO နှင့် စစ်ကောင်စီတပ်တို့ ဝင်ရောက် နေရာယူထားပြီး စစ်မှုထမ်း ရန်အတွက် တပ်သားသစ်များ စုဆောင်းလျှက်ရှိနေသည်ဟု သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ ပေါများသည့် သျှမ်းပြည်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသများမှာ ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံ၊ ပင်လုံ၊ တန့်ယန်း၊ နမ္မတူနှင့် သျှမ်းပြည်အရှေ့ပိုင်းတို့တွင် ပိုများလာနိုင်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...