သနပ်ဖက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ သနပ်ဖက်စိုက်သည့် တောင်သူများသည် ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာခြင်းကြောင့် အမြတ်မရသည့် အပြင် အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ အစတွင် သနပ်ဖက်ရာသီအစ ဖြစ်သော်လည်း သနပ်ဖက်ဈေးကွက် မရှိသည့်အတွက် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရပြီး ယခုကာလတွင်လည်း ဈေးကောင်းရရှိနေသော်လည်း ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာတာကြောင့် တောင်သူများထပ်မံ၍ အရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။

“ အခုကဈေးကောင်း နေတယ်။ ဒါပေမဲ့လည်း ကုန်ဈေးနူန်းက အရမ်းမြင့်လာတော့ ရင်းထားရတာတွေ မကာမိဘူး။ ရှုံးတယ်လို့ပဲပြောရမှာပဲ။ လုပ်အားခတွေ သနပ်ဖက်လုပ်တဲ့အခါ သုံးတဲ့ ထင်းခ အဲဒါတွေ နုတ်လိုက်ရင် ဘာမှကိုမကျန်တာ။” ဟု ဒေသခံတစ်ဦးကဆိုသည်။

သနပ်ဖက် အခြောက်ခံနေစဥ်

သနပ်ဖက်မှာ နှစ်မျိုးနှစ်စားခွဲခြားထားပြီး သနပ်ဖက် အရွက်ကြီးဆိုလျှင် တစ်ပိဿလျှင် ကျပ်ငွေ( တစ်သောင်းခွဲ) အထိ ရရှိနေပြီး အသေးဆိုလျှင် ကျပ်ငွေ( ကိုးထောင်)မျှသာ ရရှိနေကြောင်းသိရသည်။

အလားတူ ဘော်ဆိုင်း ကျေးရွာနှင့် ပင်းတယဒေသဘက်တွင်လည်း ကုန်ဈေးနူန်းကြောင့် သနပ်ဖက်စိုက်တောင်သူများ စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

“ အခုကျနော်တို့ဖက်မှာလည်း ဈေးနူန်းတွေ မြင့်နေတာ သနပ်ဖက်ကို ပိုအားကိုးလုပ်ရတော့ အဆင်မပြေဘူးပေါ့လေ။ ကုန်ကျစရိတ်နဲ့ ပြန်ရတာနဲ့က အတူတူလောက်ပဲ ကျတယ်။ စားဖို့တောင် မကျန်ဘူး။”ဟု ဘော်ဆိုင်းဒေသခံတစ်ဦးက ဆိုသည်။

ဟိုပုံးဒေသ စိုက်ပျိုးသည့် သနပ်ဖက်စိုက်တောင်သူများသည် တောင်ကြီးဘက်သို့ သနပ်ဖက်ကို အဓိကတင်ပို့ပြီး ပင်းတယနှင့်ဘော်ဆိုင်းဒေသဘက်မှ သနပ်ဖက်သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ ရှိ ဆေးလိပ်ခုံများရှိရာကို အဓိကတင်ပို့ကြသည်။

သနပ်ဖက်ကိုသျှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား၊ ဓနုတိုင်းရင်းသားများက အများဆုံးစိုက်ပျိုး လျက်ရှိကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...