Wednesday, January 28, 2026

သနပ်ဖက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ သနပ်ဖက်စိုက်သည့် တောင်သူများသည် ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာခြင်းကြောင့် အမြတ်မရသည့် အပြင် အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ အစတွင် သနပ်ဖက်ရာသီအစ ဖြစ်သော်လည်း သနပ်ဖက်ဈေးကွက် မရှိသည့်အတွက် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရပြီး ယခုကာလတွင်လည်း ဈေးကောင်းရရှိနေသော်လည်း ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာတာကြောင့် တောင်သူများထပ်မံ၍ အရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။

“ အခုကဈေးကောင်း နေတယ်။ ဒါပေမဲ့လည်း ကုန်ဈေးနူန်းက အရမ်းမြင့်လာတော့ ရင်းထားရတာတွေ မကာမိဘူး။ ရှုံးတယ်လို့ပဲပြောရမှာပဲ။ လုပ်အားခတွေ သနပ်ဖက်လုပ်တဲ့အခါ သုံးတဲ့ ထင်းခ အဲဒါတွေ နုတ်လိုက်ရင် ဘာမှကိုမကျန်တာ။” ဟု ဒေသခံတစ်ဦးကဆိုသည်။

သနပ်ဖက် အခြောက်ခံနေစဥ်

သနပ်ဖက်မှာ နှစ်မျိုးနှစ်စားခွဲခြားထားပြီး သနပ်ဖက် အရွက်ကြီးဆိုလျှင် တစ်ပိဿလျှင် ကျပ်ငွေ( တစ်သောင်းခွဲ) အထိ ရရှိနေပြီး အသေးဆိုလျှင် ကျပ်ငွေ( ကိုးထောင်)မျှသာ ရရှိနေကြောင်းသိရသည်။

အလားတူ ဘော်ဆိုင်း ကျေးရွာနှင့် ပင်းတယဒေသဘက်တွင်လည်း ကုန်ဈေးနူန်းကြောင့် သနပ်ဖက်စိုက်တောင်သူများ စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

“ အခုကျနော်တို့ဖက်မှာလည်း ဈေးနူန်းတွေ မြင့်နေတာ သနပ်ဖက်ကို ပိုအားကိုးလုပ်ရတော့ အဆင်မပြေဘူးပေါ့လေ။ ကုန်ကျစရိတ်နဲ့ ပြန်ရတာနဲ့က အတူတူလောက်ပဲ ကျတယ်။ စားဖို့တောင် မကျန်ဘူး။”ဟု ဘော်ဆိုင်းဒေသခံတစ်ဦးက ဆိုသည်။

ဟိုပုံးဒေသ စိုက်ပျိုးသည့် သနပ်ဖက်စိုက်တောင်သူများသည် တောင်ကြီးဘက်သို့ သနပ်ဖက်ကို အဓိကတင်ပို့ပြီး ပင်းတယနှင့်ဘော်ဆိုင်းဒေသဘက်မှ သနပ်ဖက်သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ ရှိ ဆေးလိပ်ခုံများရှိရာကို အဓိကတင်ပို့ကြသည်။

သနပ်ဖက်ကိုသျှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား၊ ဓနုတိုင်းရင်းသားများက အများဆုံးစိုက်ပျိုး လျက်ရှိကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...

ဟိုပုံးတွင် ကျန်းမာရေးမကောင်းသူကို စစ်တပ်စာရင်းကောက်ခံ၊ ဆန္ဒမပါဘဲ ကိုယ်စား မဲသွားထည့်မည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် နေထိုင်သည့် ကျန်းမာရေးမကောင်းသူ စာရင်းများကို စစ်တပ်လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံ ကောက်ယူနေပြီး ပြည်သူ့ ဆန္ဒမပါဘဲ ကိုယ်စားမဲထည့်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ...