ဟိုပုံး စစ်ကောင်စီ ခေါ်ဆိုသည့် စစ်မှုထမ်းမလိုက်ပါက ငွေကြေး အဆမတန်တောင်း ပြည်သူနှင့် စကားများရန်ဖြစ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် အနောက်ဘက်ရပ်ကွက်တွင် စစ်ကောင်စီမှ အရပ်သားများကို စစ်မှုထမ်းရန် အတွက် လာရောက်ပြီး စည်းဝေးနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အရပ်သား စကားများ ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်တွင် ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်တွင် စစ်ကောင်စီကနေပြီး စစ်မှုထမ်းခေါ်ဆိုရာ မလိုက်လိုပဲ လူငှား တစ်ဦးခေါ်ဆိုပါက (၇၅)သိန်း ပေးဆောင်ရမည်ဟု ပြောဆိုရာမှ ရန်ဖြစ်ပွားခဲ့ကြကြောင်းအစည်းအဝေး သွားတက်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တကယ်တော့ စစ်မှုထမ်းဖို့လာညှိတာ။ လူ(၅၀)ဦးမှာ တစ်ဦးသွားရမယ်။ အဲ့တစ်ဦးက မသွားချင်ရင် အပြင်လူငှားရမ်းဖို့ ကျပ် (၇၅)သိန်း ကျနော်တို့က စုပေးရမယ်။ ကျနော်တို့ တစ်ဦးကို တသိန်း နှစ်သောင်းကျပ် ပေးရမယ်။ ဘယ်က ငွေတွေနဲ့ပေးရမှာလဲဆိုပြီး ရန်ဖြစ်ကြတာ” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စကစ ဟိုပုံးဒေသခံများကို အစည်းအဝေးခေါ်

ထိုငွေကြေးကိစ္စကြောင့် အစည်းအဝေးလာတက်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကြား ရန်ဖြစ်ပွားရာ ကိုယ်ထိ လက်ရောက် ဖြစ်မည်ကို ကြောက်သဖြင့် နောက်ဆုံးတွင် ရပ်ကွက်တစ်ခုလုံး မှ တစ်အိမ်ထောင်စုလျှင် ကျပ်ငွေ နှစ်သောင်းသာ ကောက်ယူမည် ဟု ဆုံးဖြတ်လိုက်သည်။

“ ထိုးနှက်တော့မယ့်အဆင့်ပါပဲ။ နောက်ဆုံးမှာ အဲ့ ၅၀ဦးကိုပဲမဟုတ်တော့ဘဲ တရွာလုံးက တစ်အိမ်ထောင်ကို ကျပ်ငွေ နှစ်သောင်းကျပ်ကောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

လက်ရှိ သျှမ်းပြည်တဝှမ်းလုံး တိုက်ပွဲဖြစ်ပွားနေပြီး ဟိုပုံးမြို့နယ်အတွင်းပြည်သူများလည်း စစ်ဘေးရှောင်နေရကာ စိုက်ပျိုးရေးမလုပ်နိုင်ချိန် စစ်ရှုံးနေသော စစ်ကောင်စီကလည်း တပ်သားသစ်စုဆောင်းရန် တာဆူနေချိန်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများကို မငဲ့ညှာဘဲ စစ်မှုထမ်းခေါ်ဆိုခြင်း ၊ စစ်မှုထမ်းမလိုက်လိုပါက ငွေညှစ်မှုများပြုလုပ်နေသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...