ဟိုပုံး စစ်တပ်လေ့ကျင့်ရေးတပ်မှ လက်နက်များပစ်ခတ်သံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်တပ်၏လေ့ကျင့်ရေးတပ်အတွင်းမှ လက်နက်များ ပစ်ခတ်လေ့ကျင့် နေမှုများကြောင့် တပ်နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဟိုပုံးမြို့နယ် စစ်တပ်လေ့ကျင့်ရေးဝန်းအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များမှ ညအချိန် လက်နက်များပစ်ခတ်လေ့ကျင့်နေမှုများကြောင့် အနီးနားတွင်နေထိုင်နေသော ပြည်သူများမှာ တိုက်ပွဲဖြစ်သည် အထင်ဖြင့် ထိတ်လန့်စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“တချက်တချက် သေနတ်သံကြားရတယ်၊ အနီးအနားက လူတွေကတော့ လန့်သွားတာပေါ့၊ ဆီဆိုင်ကနေ လက်နက်ကြီးတွေကျလာပြီလား ပစ်လာတာလားပေါ့၊ အနီးနားနေတဲ့သူတွေကတော့ လန့်နေရတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဟိုပုံးမြို့နယ် စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းပုံ

ထို့သို့ ညအချိန်ရောက်မှ ပစ်ခတ်လေ့ကျင့်နေမှုများကြောင့် အနီးအနားရှိပြည်သူများမှာ တိုက်ပွဲဖြစ်ပြီ အထင်ဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းသိရသည်။

“ပြည်သူ့စစ်တွေ လေ့ကျင့်နေကြတာ၊ ရပ်ကွက်တွေထဲတော့ ကြိုပြောထားတယ်လို့ပြောတယ်၊ ညအချိန်ကြီးဆိုတော့လည်း မသိတဲ့သူဆိုရင်တော်တော်လေး လန့်သွားမှာပေါ့” ဟု မြို့ခံအမျိုသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းတွင်လည်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည့် သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတဝိုက်ကျေးရွာများမှ ပြည်သူများအား ဖိအားပေး၍ ရက်ပိုင်းမျှသာ စစ်သင်တန်းပေးပြီး ရှေ့တန်းသို့ ပိုဆောင်မှုများလည်း ရှိခဲ့သည်။

ဟိုပုံးမြို့နယ်အတွင်း စစ်ရေးအရ ငြိမ်သက်နေသော်လည်း သွားလာစစ်ဆေးမှုများ တင်းကြပ်ထားးပြီး အစားအသောက်နှင့် ကုန်ပစ္စည်းသယ်ဆောင်မှုများအား လိုအပ်သည်ထက် ပိုသယ်ဆောင်ခွင့်မပြုဘဲ တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၉) ရက်တွင်လည်း ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာအတွင်း တော်လှန်ရေးအင်အားစုအဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း PNO ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သား (၁၀) ဦးဖမ်းဆီးရမိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...