ကျပ်ငွေ တန်ဖိုးထိုးကျနေမူကြောင့် ဟိုပုံးမြို့ မြေကွက် ဝယ်သူပိုများလာ

ယခုရက်ပိုင်း၌ ပြည်တွင်းငွေကြေးတန်းဖိုး ကျဆင်းထိုးကျနေမူကြောင့် ဟိုပုံးမြို့တွင် ကျပ်ငွေအစား အိမ်ခြံမြေ၊ မြေကွက်ဝယ်ယူသူပိုများလာကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့အတွင်းရှိ မြေကွက်များကို ယခင်နှစ်များထက် မြန်မာ့ငွေကြေးတန်ဖိုး ပိုမိုကျဆင်းလာပြီးနောက်ပိုင်း မြေကွက်အဝယ်ပိုများလာကြောင်း မြေပွဲစားလုပ်ကိုင်နေသူက ပြောသည်။

“ဘာလို့ဆို ကျပ်ငွေတန်ဖိုးတအားကျနေတော့ လက်ထဲ ငွေမထားချင်ဘူးလေ အဲကြောင့်မြေကွက်တွေ ဝယ်လာကြတယ် မြေကွက်အဝယ်များတော့ ရောင်းတဲ့လူက ရှားတယ် ပွဲစားတွေဘဲ ပိုများတယ် ” ဟု ဆိုသည်။

ဟိုပုံး မြေကွက်စျေးကွက်

မြေကွက် ဝယ်ယူသူများထဲတွင် ကျေးရွာဘက်က ပိုများပြီး တိုင်းပြည်မငြိမ်သက်မူကြောင့် သူခိုး၊ ဓားပြရန်မှ ကာကွယ်ရန်နှင့် ကျပ်ငွေကြေးတန်ဖိုးမရှိတော့သည့် အတွက် ငွေကြေးအစား မြေဝယ် ထား​ကြောင်းသိရသည်။

“ရွာထဲမာ စစ်ပွဲတွေ ဖြစ်ရင် ကိုဝယ်ထားတဲ့ မြေကွက်တွေမှာ ဆင်းနေလို့ရအောင် အဲလိုမျိုးပေါ့ တချို့ကျ ရှိတဲ့ဟာတွေ ရောင်းပြီး ဝယ်ထားတာတွေလဲရှိတယ်”ဟု မြေဝယ်ယူသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မြေဝယ်ယူမူ များလာခြင်းကြောင့် ဟိုပုံးမြို့ပေါ်ရှိ မြေကွက်စျေးများလည်း နေရာ အမျိုးစားအလိုက် စျေးတက်မူများ ရှိနေပြီး အရင်က ပေါက်စျေး သိန်း ၁၀၀ တန် မြေကွက်ကို ယခု သိန်း ၁၅၀/ ၂၀၀ ခန့် စျေးတက်လားကြောင်း သိရပါသည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော်အချိန်တွင် ငွေကြေးတန်းဖိုး သိသိသာသာကျဆင်းနေပြီး ကုန်စျေးနူန်များ စျေးမြင့်တက်ခြင်းနှင့် လောင်စာဆီပြတ်လပ်မူများလဲ ကြုံတွေ့နေရပါသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

မြေသိမ်းရန် ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးအနက် (၆)ဦးသာ ပြန်လွတ်လာ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေသိမ်းရန်ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး (၆)ဦးသာ ပြန်လွှတ်ပေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၃၀)ရက် ညပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ အပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးက ဒေသခံ၏...

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...

ဟိုပုံး စစ်ကော်မရှင်တပ်က ပြည်သူ (၈)ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်(၈)ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး ဟိုပုံးမြို့ပေါ်တွင် ညနေပိုင်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို ဦးတည်ကာ စစ်ကော်မရှင်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် လူငယ်(၈)ဦး ထက်မနည်း ပေါ်တာဆွဲခံရပြီး အချို့သော လူငယ်များကို...

ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို...