သီပေါမြို့
သီပေါမြို့ ချောင်းဆုံတံတားပေါ်မှပြုတ်ကျ ရေနစ်သူ ရှာမတွေ့သေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ချောင်းဆုံတံတားပေါ်မှ ပြုတ်ကျသွားပြီး ရေနစ်သေဆုံးသွားသော အသက် (၆၀) အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့အချိန်ထိ အလောင်းရှာမတွေ့သေးကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၇) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းချိန်တွင် ဦးဗျာလေးသည် ဆိုင်ကယ်ဖြင့် သီပေါမြို့မှ တာပုလဲရွာသို့ ပြန်သွားချိန် ညနေ (၃)နာရီ အချိန်တွင်...
သီပေါအမျိုးသမီးတစ်ဦး လောက်ကိုင်အလုပ်သွားလုပ်ရန် ဖြားယောင်းခေါ်ဆောင်ခံရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို လောက်ကိုင်ဘက်သို့ အလုပ်သွားလုပ်ရန် သူငယ်ချင်း အရင်းမှ လိမ်လည် ဖြားယောင်းမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၁၂ ရက် (ဝါဝင် ဥပုလ်နေ့) တွင် သီပေါမြို့ စံဖိတ်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ်ရှိ နန်းယု...
သီပေါ အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးဖမ်းခံရ၊ အမျိုးသားလူငယ်တစ်ဦးကို အလိုရှိကြောင်း ရဲစခန်းအနီး ဗွီနိုင်းချိတ်ထား
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး နောက်ထပ်အမျိုးသားလူငယ်တစ်ဦးကိုလည်း အလိုရှိနေကြောင်း သီပေါမြို့မှ ရဲစခန်းအနီးတွင် ဗွီနိုင်းဖြင့် ချိတ်ထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက် တွင် သီပေါမြို့ အနောက်ဘက် ရပ်ကွက်အတွင်းမှ အမျိုးသမီး...
သီပေါမြို့မှ KBZ ဘဏ် ဓားပြတိုက်ဟုယူဆရသူ လူငယ်တစ်စုကို ဖမ်းဆီးရမိ ဟုဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ KBZ ဘဏ်ကို ဓားပြတိုက်ဟုယူဆထားသည့် လူငယ်တစ်စုကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သီပေါဒေသခံများထံမှ သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖြစ်သွားတဲ့ သီပေါ KBZ ဘဏ် ဓားပြတိုက်မှုမှ ပါဝင်သူ လူငယ် ၆ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း...
သီပေါမြို့ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထို နှလုံးသား ပရဟိတ အဖွဲ့ဝင် လူငယ် (၄)ဦးကို ဒီဇင်ဘာ (၁၈)ရက်နေ့က စစ်ကောင်စီနှင့် စရဖ တို့က မေးမြန်းစရာရှိသည်ဟု...
အားကိုးမဲ့နေတဲ့ နွေဦးသူရဲကောင်း မိသားစုများ
SHAN -
“သတိရတာပေါ့။ ဘယ်မေ့နိုင်မလဲ။ ကျမ မျက်စိထဲမှာ သူ့ကို အမြဲမြင်ယောင်နေပါသေးတယ်။ အခုဆို သူ့ကို ဘေးနားမှာ ပိုရှိစေချင်တယ်” လို့ လသားကလေးကို ချီပြီး တုန်ရီနေတဲ့ အသံနဲ့ မဇာဇာလင်း က ပြောနေပါတယ်။ မဇာဇာလင်း ကတော့ လွန်ခဲ့တဲ့ မေလ ၂ ရက် “ကမ္ဘာ့နွေဦးတော်လှန်ရေး”နေ့...
သီပေါ နမ့်လန်ဒေသ ကိုဗစ်မြင့်တက်သည့်အတွက် Lock down ပြုလုပ်မည်
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ယခု ရက်ပိုင်းအတွင်း Lock down သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ နမ့်လန်ဒေသတွင် ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်းနေခြင်းကြောင့် ကိုဗစ်ကူးစက်မှု မြင့်တက်နေတာဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလ (၉)ရက်နေ့မှစပြီး Lock down သတ်မှတ်ထားကြောင်း စုံစမ်းသိရသည်။ “ဒီလ (၉)ရက်နေ့ကစပြီး Lock...
သီပေါတွင် သံဃာ (၁၅)ပါး ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် သီပေါမြို့ရှိ ဘုရားကြီးကျောင်းမှ သံဃာ (၁၅)ပါး ကိုဗစ် −၁၉ ရောဂါပိုး ကူးစက်ခံရကျောင်း သိရသည်။ “မနေ့ညက Tast kit နဲ့ စစ်လိုက်တဲ့ချိန်မှာ ကိုဗစ်ပိုး ကူးစက်ခံနေရတာကို တွေ့တာပါ။ ကိုရင်(၁၄)ပါးနဲ့ ဦးဇင်း (၁)ပါး အားလုံး (၁၅)ပါးကူးစက်ခံရတယ်။ ဒီနေ့ ကျန်းမာရေးဌာနကနေ...
သီပေါ ပရဟိတ (၂)ဦး ကိုဗစ်ကူးစက်ခံရ
SHAN -
ဇူလိုင် ၁၆ ရက် (ယနေ့)မနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ ပရဟိတအသင်းတစ်ခုမှ အသင်းဝင် (၂)ဦး ကိုဗစ် ကူးစက်ခံရကြောင်း သိရသည်။ “ဒီနေ့မနက်ပိုင်းက ဖျားချင်သလိုလို ဖြစ်နေတဲ့တစ်ယောက်ကို စစ်လိုက်တဲ့ချိန် ပိုးတွေ့တာပါ၊ နောက်ပြီး အဖွဲ့ထဲက တစ်ယောက်ကိုလည်း ထပ်စစ်လိုက်တော့ သူလည်း (Postive)ဖြစ်နေတာပဲ၊ အဲ့တော့ ဒီနေ့...
အောက်ဆီဂျင်ခက်ခဲမှုကြောင့် သီပေါတွင် စက်ရုံတည်ဆောက်ရန်ကြိုးစားနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ကိုဗစ် - ၁၉ ကူးစက်လူနာ နေ့စဉ်တိုးမြှင့်ကာ အောက်ဆီဂျင် ခက်ခဲမှုရှိနေသည့် အတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်. ကိုဗစ်-၁၉ လူနာ တနေ့ထက် တနေ့တိုးလာကာ အောက်ဆီဂျင်ရရှိမှု ခက်ခဲနေသည့်အတွက် စက်ရုံတည်ဆောက်ရန်ပြင်ဆင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိမှာ စေတနာရှင် များက ဝိုင်းလှူဒါန်းနေသည်ဟုလည်း သီပေါဒေသခံများပြောပြချက်...





