အားကိုးမဲ့နေတဲ့ နွေဦးသူရဲကောင်း မိသားစုများ

“သတိရတာပေါ့။ ဘယ်မေ့နိုင်မလဲ။ ကျမ မျက်စိထဲမှာ သူ့ကို အမြဲမြင်ယောင်နေပါသေးတယ်။ အခုဆို သူ့ကို ဘေးနားမှာ ပိုရှိစေချင်တယ်” လို့ လသားကလေးကို ချီပြီး တုန်ရီနေတဲ့ အသံနဲ့ မဇာဇာလင်း က ပြောနေပါတယ်။

ပုံစာ- သီပေါမြို့ ကမ္ဘာ့နွေဦးတော်လှန်ရေးနေ့တွင် ကျဆုံးသွားသည့် သူရဲကောင်း ကိုဖိုးလုံး

မဇာဇာလင်း ကတော့ လွန်ခဲ့တဲ့ မေလ ၂ ရက် “ကမ္ဘာ့နွေဦးတော်လှန်ရေး”နေ့ မှာ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် သီပေါမြို့ မှာ ချီတက် ဆန္ဒပြရင်း ဦးခေါင်းကို အာဏာသိမ်းစစ်ကောင်စီက ပစ်လိုက်တဲ့ သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ကိုဖိုးလုံးရဲ့ အမျိုးသမီး ဖြစ်ပါတယ်။

ကိုဖိုးလုံးဟာ သူရဲ့ ရင်သွေးငယ်အတွက်၊ မိသားစုအနာဂတ်အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေသူတစ်ဦး ဖြစ်ပြီး အခုတော့ နိုင်ငံအတွက် ပေးဆပ်သွားရတာ ဖြစ်ပါတယ်။

“ကျမတို့ရဲ့ ကလေးပေါ်မှာ သူ အများကြီးတွေးထားတာ။ ကျမ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့ အချိန်မှာဆိုရင် သူအရမ်းပျော်ပြီး မျက်ရည်ကျခဲ့တယ်။ ကျမကို ပိုပြီးဂရုစိုက်လာတယ်။ ဒါပေ့မဲ့ အခုက ကျမမှာ အဲလို နွေးထွေးတဲ့ ပျော်ရွှင်မှုတွေ မရှိတော့ဘူး” လို့ မဇာဇာလင်းက ရှိုက်သံဖြင့် ပြောပါတယ်။

ပုံစာ- သီပေါမြို့ ကမ္ဘာ့နွေဦးတော်လှန်ရေးနေ့တွင် ကျဆုံးသွားသည့် သူရဲကောင်း ကိုဖိုးလုံး

ကိုဖိုးလုံးနဲ့ မဇာဇာလင်းတို့ရဲ့ မျှော်လင့်ချက် အိပ်မက်တွေကို ထို “ကမ္ဘာ့နွေဦးတော်လှန်ရေး”နေ့က ကမ်းမမြင် လမ်းမမြင်လောက်အောင် အမှောင်လောကသို့ ကျရောက်သွားခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ်။

“အဲနေ့က သူနဲ့ စကားတစ်ခွန်တောင် မပြောလိုက်ရဘူး။ သူ့ သူငယ်ချင်းက မနက်အစောလာခေါ်လို့ဆိုပြီး လိုက်ထွက်သွားလိုက်တာ။ အရင်နေ့တွေက ပြောတယ်။ ထူးဆန်းပြီးတော့ အဲနေ့မှာ သူပြုံးပြပြီး ထွက်သွားလိုက်တာ” ထိုနေ့က ဖြစ်စဉ်ကို မဇာဇာလင်းက ပြောပြပါတယ်။
အဲဒီ အပြုံးဟာ သူ့အတွက် နောက်ဆုံးလက်ဆောင်ဖြစ်လိမ့်မယ်လို့ မဇာဇာလင်း ထင်မထားခဲ့ပါဘူး။

ကိုဖိုးလုံး ကျဆုံးပြီးနောက် မှာတော့ မဇာဇာလင်းတယောက် ကိုယ်ဝန်နဲ့ ကျန်ခဲ့ချိန်မှာတော့ အလုပ်အကိုင်မရှိတဲ့အတွက် စိတ်ဓာတ်အလူးအလိမ့်ကျခဲ့ပါတယ်။

မဇာဇာလင်းနဲ့ ကိုဖိုးလုံးတို့ရဲ့ ရင်သွေးငယ်လေးဟာ ဩဂုတ် (၂၇)ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပြီး ယခုချိန်မှာ (၁)လကျော် ရှိနေပါပြီ။

“သားလေးမျက်နှာကိုတောင် သူ(ကိုဖိုးလုံး) မမြင်သွားရရှာဘူး။ သူ မရှိတော့ စိတ်တော့ အားငယ်တယ်။ မွေးကင်းစ ကလေးတယောက်နဲ့အတူ ရှေ့ဆက် စားဝတ်နေရေးအတွက်ကို စဉ်းစားမရဘူး” လို့ အသက် ၂၁ နှစ် အရွယ်သာရှိသေးတဲ့ မဇာဇာလင်းတယောက် အနာဂတ်ပျောက်နေကြောင်း ပြောပြလာပါတယ်။

“၇ လ နဲ့မွေးတာ။ ဘာမှတော့ သိပ်မဖြစ်ပါဘူး။ ပေါင်ချိန်မပြည့်တာတော့ ရှိတာပေါ့။ ကျန်တာတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ သူ့ကျန်းမာရေးအတွက်တော့ နည်းနည်း စိုးရိမ်ရတယ်“ လို့ မဇာဇာလင်း က ဆိုပါတယ်။

မဇာဇာလင်း ဟာ ကိုဖိုးလုံးရဲ့ လစာဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်လာခဲ့တဲ့သူဖြစ်ပါတယ်။

ကိုဖိုးလုံး မကျဆုံးခင်ထိ ကျပန်းအလုပ်အကိုင်ကို လုပ်ကိုင်ပြီး တစ်ရက်လျှင် ဝင်ငွေ ၁သောင်းကျပ် ကနေ ၃သောင်းကျထိ ရှာဖွေပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

“ သူ မသေခင်ကတော့ ကျပန်း အလုပ်ပေါ့။ တခါတလေ ပန်းရံ၊ တခါတလေ ဆေးသုတ်တဲ့ အလုပ်လုပ်တယ်။ ဝင်ငွေပုံမှန်မရှိဘူး။ ကျမကို သူပဲရှာကျွေးခဲ့တာ။ သူမရှိတော့ ကျမတော်တော် လေး ကို စိတ်ဓာတ်ကျခဲ့တယ် “လို့ မဇာဇာလင်းက စိတ်မကောင်းစွာဖြင့် ပြောပြပါတယ်။

နွေဦးတော်လှန်ရေး ကြောင့် ကျဆုံးသွားတဲ့ ကိုဖိုးလုံးအတွက် အမည်မသိ ပုဂ္ဂိုလ် တစ်ဦးက စားဝတ်နေရေးအတွက် ကျပ်ငွေ ၂သိန်း လာရောက် ကူညီထောက်ပံ့နေပေးခဲ့ပါတယ်။

ဒါ့ပေမယ့် မဇာဇာလင်း အတွက် ကံကြမ္မာ မျက်နှာသာမပေးတဲ့အတွက် မျက်စိတမှတ်မှာပဲ ထောက်ပံ့ငွေကြေး ၂သိန်းနဲ့ စုဆောင်းငွေ တွေ အားလုံးနီးပါး ခိုးခံလိုက်ရပါတယ်။

“ ကျမအိမ် အဖောက်ခံလိုက်ရတယ်။ အဲ့မှာ ကိုဖိုးလုံးလုပ်အားခ စုဆောင်းငွေနဲ့ အလှူငွေ စုပေါင်း ၇သိန်း လောက် ပါသွားတယ်။ အဲ့လောက် ကျမလည်း ယောက္ခမအိမ်ကနေ ဆင်းပြီး ကျမ ရဲ့ မိဘအိမ်တက်နေလိုက်တယ်။ မိဘတွေကျွေးတာစားနေရတယ်” လို့ မဇာဇာလင်း က ဝမ်းနည်းစွာဖြင့် ပြောပါတယ်။

အရင်က ကိုဖိုးလုံးရဲ့ လုပ်အားခကိုသာ အားကိုးလာရတဲ့ မဇာဇာလင်းတယောက်ကတော့ ကလေးတဖက်နဲ့ စားဝတ်နေရေးအတွက် လုပ်ငန်းခွင်ကို စဝင်ရန် ပြင်ဆင်နေရပါတယ်။

“သူ့ကိုဘဲ အားကိုးနေတာလေ။ အခုက ကလေးနဲ့ဆို ကျမဘယ်လို နေထိုင်သွားရမှာလဲ” လို့ တုန်ရီနေတဲ့ အသံနဲ့ မဇာဇာလင်း က ပြောပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ စစ်အာဏာရှင်ကြောင့် အဖက်ဖက်မှ ကျဆင်းနေတဲ့ စီးပွားရေး ကပ်ရောဂါတွေကြောင့် သူမဟာ ရှေ့ဆက်ပြီး လုပ်ငန်းခွင်ဝင်ရန် ဒွိဟ ဖြစ်နေပါတယ်။

“ခုချိန်ထိတော့ အိမ်မှာဘဲ ရှိတာနဲ့စားနေတယ်။ ဘာအလုပ်မှလည်းမလုပ်ဘူး။ နောက်ကျရင်တော့ အလုပ်ရှာထွက်ပြီး လုပ်ရတော့မယ်။ အခုလို အခြေနေမျိုးနဲ့ဆိုရင် ဘာအလုပ်ရှာလုပ်ရမလဲတောင် မသိဘူး” လို့ မဇာဇာလင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံ‌ရေးအရှုပ်အထွေးကြောင့် သာမန် မိသားစုများပါ စားဝတ်နေရေးခက်ခဲနေချိန်တွင် ၎င်းတို့လို တကိုယ်တော် မိခင်က ပိုကျပ်တည်း ခက်ခဲနေရပါတယ်။

ပုံစာ- သီပေါမြို့ုစစ်အာဏာရှင် ဖြုတ်ချရေးအတွက် ချီတက် ဆန္ဒပြနေသည့် ပြည်သူများ

တော်လှန်ရေးအတွက် ပြည်သူများက ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကို စားဝတ်နေရေးအတွက် ကူညီထောက်ပံ့မှု ရှိနေပေမယ့် တော်လှန်ရေးအတွင်းကျဆုံးသွားတဲ့ သူရဲကောင်း မိသားစုဝင်တွေကိုတော့ သွားရောက်ကူညီမှု နည်းပါးပါတယ်။

သျှမ်းပြည်အတွင်းမှာ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ စစ်တပ်က ပစ်သတ်ပြီး သေဆုံးသွားခဲ့သူ (၄၃)ဦး၊ ဖမ်းဆီးခံထားရသူ (၃၀၆)ဦး ရှိနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေးအသင်း SWAN က ထုတ်ပြန်ချက်အရ သိရပါတယ်။

သီပေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟာ မတ်လ (၂)ရက် ကိုဖိုးလုံးကျဆုံးသွားပြီးနောက်ပိုင်းမှာ လူငယ်အများစုနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားနေတဲ့ CDM တွေ စုစည်းပြီး တည်ထောင်လာခဲ့ကြပါတယ်။

“ကိုဖိုးလုံး ကျဆုံးမှုကြောင့်ပဲ ကျနော်တို့ လက်နက်ကိုင် ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့လည်း အလုပ်များတော့ လှစ်ဟာသွားတာလည်းရှိတယ်။ ကျနော်တို့လည်း သူတို့ကို အတတ်နိုင်ဆုံးတော့ ကူညီပေးသွားပါမယ်” လို့ သီပေါမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖခင်ရဲ့ မျက်နှာကို မမြင်ခဲ့ရပေမယ့် ဖခင်(ကိုဖိုးလုံး)ဟာ သူရဲကောင်း တယောက်ဖြစ်ကြောင်း သားလေးကို ပြန်ပြောပြသွားမယ်လို့ မဇာဇာလင်း က ပြောပါတယ်။

ယခုလို ကာလမှာ စားဝတ်နေရေး ဘယ်လောက်ပင် ရုန်းကန် ရှာဖွေနေရပါစေ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးသွားတဲ့ ကိုဖိုးလုံးအတွက် ထာဝရဂုဏ်ယူနေမှာပါလို့လည်း သူမက ဆိုပါတယ်။

“ကျမရဲ့ ယောက်ျားက စစ်အာဏာရှင်ကို တော်လှန်ရင်း ကျရှုံးသွားတယ်ဆိုတော့ သူ့အတွက် ကျမ ရင်ထဲ အမြဲကျန်ရစ်ထားမယ်။ ကျမတော့ သူ့ကို အမြဲ ဂုဏ်ယူနေမှာပါ။ သားလေးကိုလည်း ဂုဏ်ယူဖို့ ပြောပြမှာပါ” လို့ မဇာဇာလင်း က ရှိုက်သံဖြင့် ပြောနေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...