Tuesday, January 27, 2026

သီပေါမြို့ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ထို နှလုံးသား ပရဟိတ အဖွဲ့ဝင် လူငယ် (၄)ဦးကို ဒီဇင်ဘာ (၁၈)ရက်နေ့က စစ်ကောင်စီနှင့် စရဖ တို့က မေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားကြောင်း သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘာကြောင့်ဖမ်းသွားလဲတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့လည်း မနေ့ကမှ သိတာ။ စစ်သားနဲ့ စရဖတွေက မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာလို့ပြောတယ်။ နှလုံးသား ပရဟိတ အဖွဲ့က လူငယ်တွေဘဲ။ (၄) ယောက် ဖမ်းသွားတယ်။ ဘယ်သူတွေလဲတော့ ကျနော်တို့လည်း အတိကျ မသိရသေးဘူး” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နှလုံးသား ပရဟိတ အဖွဲ့သည် ၂၀၂၁ ခုနှစ် ကိုဗစ် ၁၉ ကာလတွင်း စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ပရဟိတ လုပ်ငန်းများ၊ စားဝတ်နေရေးအဆင်မပြေသူများ၊ (၅၀၀)ကျပ်တန် ထမင်းဆိုင်ကို ဖွင့်လှစ်ပေးထားသည့် အဖွဲ့အစည်းဖြစ်သည်။

“သူတို့အဖွဲ့က ဖွဲ့စည်းထားတာတော့ မကြာသေးဘူး။ သူတို့က အကုန်လိုက်ကူညီပေးတယ်။ ကိုဗစ် လူနာတွေလည်း ကူညီပေးတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့သူလည်း ကူပေးတယ်။ အခုဆို သူတို့အဖွဲ့က (၅၀၀)တန် ထမင်းဆိုင် တွေကို ဖွင့်ထားပေးတာ” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပရဟိတ အဖွဲ့အစည်းများကို ဖမ်းဆီးလာသောကြောင့် အဆိုပါ ဒေသခံ ပရဟိတ အဖွဲ့များလည်း စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ သူတို့အဖွဲ့က လူငယ်တွေပဲလေ။ စစ်ကောင်စီ က ဒီလိုပရဟိတတွေကို ဖမ်းဆီးလာတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ဒါပေမဲ့လည်း အန္တရာယ်မရှိအောင်တော့ ပရဟိတအလုပ်တွေ လုပ်ကိုင်သွားရမှာပဲ” ဟု သျှမ်းမြောက်အတွင်း အမည်မဖော်လိုသည့် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။

ထိုဖမ်းဆီးခံထားရသည့် နှလုံးသား ပရဟိတ အဖွဲ့ဝင် (၄)ဦးကို လားရှိုးထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် လူငယ်၊ ပရဟိတအဖွဲ့များ၊ ကျောင်းဆရာများကို နေ့စဉ်နီးပါး ဖမ်းဆီးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...