သီပေါအမျိုးသမီးတစ်ဦး လောက်ကိုင်အလုပ်သွားလုပ်ရန် ဖြားယောင်းခေါ်ဆောင်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို လောက်ကိုင်ဘက်သို့ အလုပ်သွားလုပ်ရန် သူငယ်ချင်း အရင်းမှ လိမ်လည် ဖြားယောင်းမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၁၂ ရက် (ဝါဝင် ဥပုလ်နေ့) တွင် သီပေါမြို့ စံဖိတ်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ်ရှိ နန်းယု (အမည်လွှဲ) ကို ကျောင်းနေဘက် ငယ်သူငယ်ချင်းဖြစ်သူ နန်းမွေနွံဆိုင်မှ လောက်ကိုင်သွားရန် လိမ်လည်ဖြားယောင်းခဲ့ခြင်းကြောင်း ဖြစ်စဥ်ကို သိရှိသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဥ်က နန်းမွေနွံဆိုင်နဲ့ သူ့ သူငယ်ချင်းနှစ်ယောက်က နန်းယုကို နမ့်ဟူးနွဲ့ ရေတံခွန်သွားလည်မယ် ဆိုပြီး တော့ ဆိုင်ကယ်နှစ်စီးနဲ့အိမ်မှာ လာခေါ်တာ၊ ဒါပေမယ့် လားရှိုးပန်းခြံကို ခေါ်သွားတယ်၊ သူတို့ လားရှိုးကို ရောက်သွားတဲ့ အချိန်တော့ လောက်ကိုင်သွားဖို့ စည်းရုံးပြောဆိုခံရတာတဲ့” ဟု ၎င်းအမျိုးသမီးက ပြန်ပြောပြသည်။

နန်းမွေနွံဆိုင် နှင့် သူငယ်ချင်းနှစ်ဦးသည် နန်းယု ကို သီပေါမြို့မှ လားရှိုးပန်းခြံသို့ အလည်ဟု လိမ်လည်ပြောဆို ခေါ်ဆောင်ခဲ့ပြီး၊ ညနေမိုးချုပ်အချိန်တွင် အိမ်ပြန်ရန် အချိန်မရှိတော့သဖြင့် လားရှိုးမြို့ ရပ်ကွက် ၁ ရှိ နေအိမ် တလုံးသို့ ခေါ်ဆောင်သွားသည်။

လားရှိုး နေအိမ်ရောက်သည့်အချိန်တွင် လောက်ကိုင်မြို့သို့သွားပြီး အလုပ်လုပ်ရန် စည်းရုံးပြောဆိုခဲ့သည်။

“ သူ့ (နန်းမွေနွံဆိုင်) အဒေါ် လို့ပြောတယ်၊ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာ သူတို့ပြောတာက လောက်ကိုင်မှာ အလုပ်ကောင်းရှိတယ်။ လစာလဲကောင်းတယ် သွားမလားတဲ့၊ ဒါပေမယ့် သူ (နန်းယု) က သူ့မှာကလေးနဲ့ မိဘတွေရှိသေးတယ်၊ အခု အိမ်က မပြောဘဲ ထွက်လာမိတာ စိတ်ပူမှာစိုးလို့ မနက်ဖြန် အိမ်ပြန် အုံးမယ်လို့ ပြန်ပြောခဲ့တော့ သူ့ကို အခန်းတစ်ခုထဲမှာ သွားနေခိုင်းတာတဲ့” ဟု ထိုအခြေအနေကို သိသည့် အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြန်လည်ပြောပြခြင်းဖြစ်သည်။

ထို့နောက်တွင် နန်းမွေနွံဆိုင်သည် နန်းယု၏ လက်ကိုင်ဖုန်းကို ခဏငှားယူမည်ဟု ဆိုကာ ဖုန်းထဲရှိ ဖုန်းနံပါတ်များနှင့် အချင်းချင်းပြောဆိုထားသည့် လူမှုကွန်ရက် ( Facebook) မှ မက်ဆင်ဂျာ မက်ဆေ့များကို အကုန်ဖျက်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

နန်းယု (နာမည်လွဲ) သည် လားရှိုးနေအိမ် တစ်လုံးတွင် တစ်ညတာအိပ်စက်ပြီး တခြားသူမနှိုးခင် အိပ်ရာထကာ ကားဂိတ်အထိ လမ်းလျှောက်လာပြီး အလွတ်ရထားသည့် အိမ်ဖုန်းနံပါတ်ခေါ်ဆိုကာ အကျိုးအကြောင်း ပြောဆိုခဲ့သည်။

သီပေါမြို့

ထို့နောက် လားရှိုးမြို့ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှ သွားရောက်ခေါ်ဆောင်လာပြီး သီပေါမှ လာကြိုသည့် မိဘနှင့် အဖွဲ့သားများထံသို့ လွဲအပ်ခဲ့သည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး သီပေါမြို့မှ အမျိုးသမီးတစ်ဦးကလည်း အမျိုးသမီးများ အယုံမလွယ်သင့်ကြောင်းနှင့် နယ်ခြား ရောက်သွားပါက ဆက်လိုက်ရန် မလွယ်ကူကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နန်းယု က မိဘကို အကြောင်းပြန်ပြောပြလို့ ကံကောင်းတယ်ပြောရမှာ၊ ပြီးတော့ သီပေါနဲ့ လားရှိုးဆိုတာ ကသိပ်မဝေးသေးလို့ပေါ့၊ ဒါကြောင့် အချိန်မှီအိမ်ပြန်ခေါ်လာနိုင်ခဲ့တယ်၊ တကယ်လို့ လောက်ကိုင်တို့ မိုင်းလား တို့လို နယ်ခြားရောက်သွားရင် ဆက်လိုက်ဖို့ခက်သွားမှာ၊ ဒါကြောင့် အမျိုးသမီးတွေ အယုံမလွယ်ကြပါနဲ့လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နန်းယု သည် မိဘများထံ ပြန်ရောက်ပြီး ကြောက်လန့်စိုးရိမ်မှုအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတချို့ ခံစားနေရသည်။

သီပေါမြို့နယ်အတွင်းတွင် ဇွန်လ နှင့် ယနေ့အထိ နန်းယု ကဲ့သို့ ဖြစ်စဥ်အပါအဝင် လူကုန်ကူး ဖြားယောင်း သွေးဆောင်မှု ဖြစ်စဥ် ၃ ခုရှိနေပြီး တခြားဖြစ်စဥ်နှစ်ခုသည် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် လူကုန်ကူးမှု၊ လောင်းကစားဝိုင်းအတွင်း အလုပ်လုပ်ရန် ဆွဲဆောင် ဖြားယောင်းမှုကဲ့သို့ တရားမဝင် အလုပ်များသည် တစ်နေ့တစ်ခြား တိုးများလာပြီး ပြည်သူများ၏ ဘဝလုံခြုံရေး ကင်းမဲ့နေသလိုခံစားရကြောင်းလည်း ဝေဖန်ပြောဆိုသံများ ထွက်ပေါ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...