Wednesday, May 1, 2024

သီပေါ ပရဟိတ (၂)ဦး ကိုဗစ်ကူးစက်ခံရ

Must read

ဇူလိုင် ၁၆ ရက် (ယနေ့)မနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ ပရဟိတအသင်းတစ်ခုမှ အသင်းဝင် (၂)ဦး ကိုဗစ် ကူးစက်ခံရကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်းက ဖျားချင်သလိုလို ဖြစ်နေတဲ့တစ်ယောက်ကို စစ်လိုက်တဲ့ချိန် ပိုးတွေ့တာပါ၊ နောက်ပြီး အဖွဲ့ထဲက တစ်ယောက်ကိုလည်း ထပ်စစ်လိုက်တော့ သူလည်း (Postive)ဖြစ်နေတာပဲ၊ အဲ့တော့ ဒီနေ့ အဖွဲ့ထဲမှာ ပိုးတွေ့တာ (၂)ယောက်ရှိတယ်” ဟု အဆိုပါ ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောကြားသည်။

ကိုဗစ်ကူးစက်မှု မြင့်မာလာသည့်အပြင် ပရဟိတအသင်းဝင်၊ စေတနာ့ဝန်ထမ်းများလည်း အားနည်လာပြီး ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများလည်း ခက်ခဲနေကြောင်း၊ သို့ပေမယ့် ဒေသခံပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့်လုပ်ငန်းကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အဆိုပါပရဟိတအသင်းဝင် (၁)ဦး ကိုဗစ်ကူးစက်ခံခဲ့ရသည်။

သီပေါမြို့တွင် ယနေ့ မွန်းလွဲပိုင်းအချိန်ထိ တရက်တည်း ကိုဗစ်ပိုးကူးစက်ခံရသူ (၂၆)ဦးရှိပြီး သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။

ဇူလိုင် (၁၄)ရက်နေ့မှစပြီး သီပေါမြို့ကို Stay at home အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားပြီး သျှမ်းပြည်နယ်တွင် Stay at home (၆)မြို့နယ်အထိ ရှိနေသည်။

Leave a Comments

- Advertisement -spot_img

Latest article