Tuesday, January 27, 2026

သီပေါမြို့မှ KBZ ဘဏ် ဓားပြတိုက်ဟုယူဆရသူ လူငယ်တစ်စုကို ဖမ်းဆီးရမိ ဟုဆို

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ KBZ ဘဏ်ကို ဓားပြတိုက်ဟုယူဆထားသည့် လူငယ်တစ်စုကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သီပေါဒေသခံများထံမှ သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖြစ်သွားတဲ့ သီပေါ KBZ ဘဏ် ဓားပြတိုက်မှုမှ ပါဝင်သူ လူငယ် ၆ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စုစုပေါင်း လူငယ် ၆ ဦးပါ၊ ဓါးပြတိုက်မှုဖြစ်ကတည်းက ဒီနယ်ထဲရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တခြားဒေသက ရဲတွေကိုလည်း သတင်းအချက်အလက်တွေပို့ထားပြီး တွေ့ရှိရင် အကြောင်းကြားပေးဖို့ အကူ အညီတောင်းထားတာ ဆိုတော့ အခုတော့ အားလုံးကို ဖမ်းမိသွားပြီလို့ ကြားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ KBZ ဘဏ်အားဓားပြတိုက်ယူသည့် လူငယ်များကို မန္တလေးမြို့တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ လူငယ် ၆ ဦးအနက်မှ နောင်ချိုနေ လူငယ် ၃ ဦး၊ နမ့်ဆန်မြို့မှ ၁ ဦး၊ မန္တလေးမြို့မှ ၁ ဦးနှင့် တန့်ဆည်မြို့မှ ၁ ဦးဖြစ်ကြပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်းလည်း သိရသည်။

“သူတို့တွေကို မနေ့က (မတ် ၆ ရက်) နေ့မှာ မန္တလေးမြို့မှာ ဖမ်းမိတယ်လို့ ကြားပါတယ်၊ တပြိုင်တည်းတော့ မဟုတ်ဘူး၊ တဆင့်ချင်းဖမ်းမိတာ၊ ကျောက်မဲကို ပို့လာပြီလို့ သတင်းကြားတယ်၊ သီပေါကို တစ်ဆင့် ပြန်ပို့ရမှာ ပေါ့၊ ဒီလူငယ်တွေအားလုံးကို သီပေါမြို့မှာပဲ တရားစွဲဆိုခြင်းတွေ လုပ်မှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောပြထားသည်။

ဓားပြတိုက်ယူစဥ်တွင် ငွေကျပ်သိန်းပေါင်း ၁၉၀၀ ကျော် ယူဆောင်သွားသည်ဟု သတင်းများ ထွက်ပေါ်လာ သော်လည်း လက်ရှိ ပြန်လည်ဖမ်းဆီးရမိစဥ်မှာတော့ ငွေကျပ်သိန်း ၁၁၀၀ ကျော်နှင့်ဖမ်းဆီးရမိကြောင်းလည်း သိရသည်။

သီပေါမြို့တွင် ပြီးခဲသည့် ၂၀၂၁ ခုနှစ်အတွင်းမှာလည်း ရွှေဆိုင်ဓားပြတိုက်ယူမှု ဖြစ်ပွားခဲ့ပြီး တရားခံများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။

သီပေါမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် SSPP/SSA၊ RCSS/SSA၊ TNLA တို့လည်း သွားလာလှုပ်ရှားမှုများ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

မူဆယ်မြို့ နေအိမ်ထဲဝင်ခိုးရန် ကြိုးစားသည့် အမျိုးသား လှေကားတက်ရင်း ပြုတ်ကျသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ နေအိမ်ထဲသို့ ဝင်ခိုးရန် ကြိုးစားခဲ့သည့် အမျိုးသားသည် နေအိမ်အပြင်ဘက်မှ လှေကားထောင်တက်ရင်း ပြုတ်ကျကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲ မီတာဘောက် ဝင်ရောက်ခိုးယူရန် ကြိုးစားခဲ့သည့် အမျိုးသားတစ်ဦးသည် လှေကားထောင်တက်ရင်း...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...