သီပေါတွင် သံဃာ (၁၅)ပါး ကိုဗစ်ကူးစက်ခံရ

0

သျှမ်းမြောက် သီပေါမြို့ရှိ ဘုရားကြီးကျောင်းမှ သံဃာ (၁၅)ပါး ကိုဗစ် −၁၉ ရောဂါပိုး ကူးစက်ခံရကျောင်း သိရသည်။

“မနေ့ညက Tast kit နဲ့ စစ်လိုက်တဲ့ချိန်မှာ ကိုဗစ်ပိုး ကူးစက်ခံနေရတာကို တွေ့တာပါ။ ကိုရင်(၁၄)ပါးနဲ့ ဦးဇင်း (၁)ပါး အားလုံး (၁၅)ပါးကူးစက်ခံရတယ်။ ဒီနေ့ ကျန်းမာရေးဌာနကနေ ပြန်စစ်ကြည့်မှာပါ။ ခုထိတော့ အဲ့ကျောင်းမှာပဲ ထားထားသေးတယ်” ဟု သီပေါမြို့မှ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါကျောင်းတွင် သံဃာ (၅၀)ပါးခန့်ရှိပြီး ကိုဗစ်ကူးစက်ခံထားရသည့် သံဃာတော်များအား မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ၊ လူမှုရေးပရဟိတအသင်းနှင့် ပူးပေါင်းကာ ကိုဗစ်စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

သီပေါတွင် ရုတ်တရက်သေဆုံးသူများ၊ ကိုဗစ်လက္ခဏာဖြင့် သေဆုံးသူများလည်း နေ့စဉ် ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နေမကောင်းပါက ကြိတ်ပြီးမကုကြရန်နှင့် သက်ဆိုင်ရာဆေးရုံ ဆေးကုခန်းများတွင် လာရောက်ကာ စစ်ဆေးကုသမှုခံယူသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

Stay at home သတ်မှတ်ခံထားရသည့် သီပေါမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ခံရသူ နေ့စဉ်မြင့်တက်နေပြီး ယနေ့မနက်ပိုင်းထိ ကူးစက်ခံရသူ (၃၇၉)ခန့် နှင့် သေဆုံးသူ (၂၀)ဦးခန့်ရှိကြောင်း သိရသည်။

Leave a Comments