သီပေါမြို့ ချောင်းဆုံတံတားပေါ်မှပြုတ်ကျ ရေနစ်သူ ရှာမတွေ့သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ချောင်းဆုံတံတားပေါ်မှ ပြုတ်ကျသွားပြီး ရေနစ်သေဆုံးသွားသော အသက် (၆၀) အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့အချိန်ထိ အလောင်းရှာမတွေ့သေးကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၇) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းချိန်တွင် ဦးဗျာလေးသည် ဆိုင်ကယ်ဖြင့် သီပေါမြို့မှ တာပုလဲရွာသို့ ပြန်သွားချိန် ညနေ (၃)နာရီ အချိန်တွင် ချောင်းဆုံတံတားပေါ်မှ ပြုတ်ကျသွားပြီး ပျောက်ဆုံးသွားသည့် အသက် (၆၀) အရွယ်ရှိ ဦးဗျာလေးကို ယနေ့ (၃)ရက်မြောက်နေ့ထိ ရှာမတွေ့သေးကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတအသင်း မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ချောင်းဆုံတံတားပေါ်မှပြုတ်ကျသူ ကို ရှာဖွေ

“ သူနေတဲ့ရွာက တာပုလဲရွာကို ဆိုင်ကယ်နဲ့ပြန်သွားတာ ချောင်းဆုံတံတားပေါ်ကနေ ချော်ကျပြီး ပြုတ်ကျသွားတာ။ သူ့အလောင်းရှာတာ ဒီနေ့နဲ့ဆို (၃) ရက်ရှိပြီ။ အလောင်းကရှာလို့မတွေ့သေးဘူး“ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဦးဗျာလေး ပြုတ်ကျသွားသော ချောင်းသည် မိုးရေကြောင့် ရေစီးသန်သော ချောင်းတစ်ခုဖြစ်ပြီး ဦးဗျာလေး အလောင်းသည် ရေစီးနှင့်မျောပါသွားနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“အဲ့ချောင်းက ရေစီးသန်တယ်။ အခုမိုးရေကြောင့် ရေကလည်း အဆမတန်ကို ရေစီးသန်တာ၊ တချို့က မျောသွားတယ်တွေ့လို့ ကျနော်တို့လည်း ထပ်ရှာနေသေးတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မိုးတွင်းအချိန်တွင် ရပ်ဝေးသို့ အသွားအလာ ပြုလုပ်သောသူများ၊ ဆိုင်ကယ်ဖြင့် မသွားလာရန် မဖြစ်မနေသွားရသူများလည်း ဆိုင်ကယ်ကို သတိထားပြီး မောင်းပေးရန် လိုအပ်ကြောင်းလည်း ပရဟိတ အဖွဲ့က ပြောဆိုလိုက်သည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြို့များတွင် ရေကြီးရေလျှံမှုများကြုံရပြီး စပါးခင်းများလည်း ရေမြုပ်သည့်အထိ ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...