Sunday, May 19, 2024

လားရှိုးမြို့

လားရှိုးမြို့ ဟိုတယ် နှင့် ဘား (Bar) ဦးတည်ပြီး ဗုံးထောင်မှု မကြာခဏဖြစ်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဟိုတယ် နှင့် ဘား (Bar)များ ဦးတည်ပြီး ဗုံးထောင်မှု မကြာခဏ ဖြစ်လာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ အဆိုပါ လားရှိုးမြို့ပေါ်ရှိ ဟိုတယ် နှင့် ဘား (Bar) များထံ လက်နက်ကိုင်တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ယူမှုကို မပေးဆောင်သဖြင့်...

လားရှိုးမြို့နယ် တစ်လအတွင်း ယာဉ်တိုက်မှု၊ ဓားခုတ်မှု နှင့် မူးယစ်ဆေးသုံးစွဲမှု ၅ ဦး သေဆုံး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် မတော်တဆ ယာဉ်တိုက်မှု၊ ဓားခုတ်မှု နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် တစ်လအတွင်း ၅ ဦး သေဆုံးပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှစ၍ လားရှိုးမြို့နယ်အတွင်း မတော်တဆ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့်...

လားရှိုးမြို့က Fully Light ဟိုတယ်မှာ တစ်လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ်ရှိ Fully Light ဟိုတယ်တွင် တစ်လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားကြောင်း စုံစမ်း သိရသည်။ Fully Light ဟိုတယ် ယမန်နေ့ ဇွန်လ ၂၈ ရက် ညပိုင်း ည ၈ နာရီဝန်းကျင် အချိန်တွင် လားရှိုးမြို့ပေါ် အမှတ်...

လားရှိုးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းပြီး နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျ မိသားစုဝင် (၄) ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ကြောင့် နေအိမ်တစ်အိမ်ပေါ် အုတ်တံတိုင်းပြိုကျပြီး သေဆုံးသူ (၄) ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန် (၁၀) ရက် ညနက်ပိုင်းတွင် လားရှိုးမြို့နယ် ဟတ်ကာကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ကြောင့် နေအိမ်တစ်အိမ်ပေါ် အုတ်တံတိုင်း ပြိုကျပြီး မိခင် အပါအဝင်...

လားရှိုး Fully Light ဟိုတယ် အနီးပေါက်ကွဲမှုနောက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား

သျှမ်းပြည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ရှိသည့် Fully Light ဟိုတယ် အနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင် တွင် လားရှိုးမြို့...

လားရှိုးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်း ရေကြီးရေလျှံဖြစ်၊ နေအိမ် နှင့် စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျ

သျှမ်းပြည် လားရှိုးမြို့နယ် ဟန်နားရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပြီး နေအိမ် နှင့် စာသင်ကျောင်းအချို့ အုတ်တံတိုင်း ပြိုကျပျက်စီးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၆) ရက် ညနေပိုင်း ၄ နာရီ အချိန်မှစပြီး လားရှိုးမြို့နယ် ဟန်နားရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး...

လားရှိုးအမှတ် (၂) ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တို့က မြို့တွင်း စစ်ဆေးမှု တင်းကြပ်စွာ လုပ်ဆောင်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၆ ရက် နံနက်ပိုင်း မှ စတင်ကာ လားရှိုးမြို့ဝင်/ မြို့ထွက် နေရာများ...

လက်နက်ကိုင်တပ်ဖွဲ့ ပေါများသည့် လားရှိုးမြို့ နေ့ခင်းချိန် ဓားပြတိုက်မှု မကြာခဏဖြစ်နေ

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာနေရာ၊ လက်နက်ကိုင်တပ်ဖွဲ့ပေါများသည့် ဒေသတစ်ခုဖြစ်သော်လည်း နေ့ခင်းချိန်တွင် ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယမန်နေ့ (မေလ ၁၈ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက်...

လားရှိုးမြို့နယ် တပ်ထွက်ဆရာဝန် မြေပွဲစား သတ်ဖြတ်ခံရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် တပ်ထွက်ဆရာဝန်မြေပွဲစားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် လားရှိုးမြို့ မြေပွဲစား ကိုအောင်မြိုင် (၅၃) နှစ် တပ်ထွက်ဆရာဝန်သည် ဖမ်းဆီးခံရပြီး သတ်ခံရကြောင်း သိရသည်။ အဆိုပါ ကိုအောင်မြိုင်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သတ်ဖြတ်ခံခဲ့ရကြောင်း ကိုအောင်မြိုင်နှင့်...

လားရှိုး တောင်ယာ နေ့စားလိုက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စု ဟောင်လိတ်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာနေ့စားလိုက်ရင်း တောင်ယာထဲ၌ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်၌ နမ့်တွန်းကျေးရွာအုပ်စု ဟောင်လိတ်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် နေ့စားအလုပ်သွားချိန်...

Latest news