လားရှိုးမြို့ပေါ်ရှိ ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်၊ (၅) ဦးထက်မနည်းဒဏ်ရာရ၊ (၁) ဦးသေဆုံး

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် အမှတ်( ၂) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၅) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသည့်အပြင် (၁) ဦးသေဆုံးသွားကြောင်း သတင်းသိရသည်။

.

ယနေ့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း ၅ နာရီ ၂၅ မိနစ်အချိန်တွင် လားရှိုးမြို့ အမှတ် (၂) ရပ်ကွက် နှင်းဆီလမ်းတွင် ရှိသည့် CS Hotel အနီး၌ ပေါက်ကွဲမှု ဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသား (၃) ဦး ၊ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသား (၁) ဦး သေဆုံးသွားရကြောင်း သိရသည်။

“ချိန်ကိုက်ဗုံးလိုမျိုး ကနေ ပေါက်ကွဲမှုဖြစ်တာပါ။ တချို့ကလည်း နင်းမိလို့ ပေါက်ကွဲမှုဖြစ်တာလို့လည်း ပြောနေကြတယ်။ ဒီတစ်ခေါက် ပေါက်ကွဲမှုက တကယ်ပြင်းတယ်။ မြေတွေတုန်ပြီး အိမ်ခေါင်မိုးပေါ် အထိ မြေစာတွေကျလာတယ်။ ဒဏ်ရာရသူ နဲ့ သေဆုံးသူတွေကို ပရဟိတအသင်းက သယ်သွားပြီ” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမည်မဖော်လိုသူ အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ပေါက်ကွဲမှုတွင် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှု ရှိသည့် အပြင် အနီးပတ်ဝန်းကျင်ရှိ ဆိုင်ကယ်၊ ကား နှင့် နေအိမ် မှန်ပြတင်းပေါက်များလည်း ထိမှန်ပျက်စီးမှု ရှိကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုသည် မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရကြောင်း နှင့် ပေါက်ကွဲရသည့် အကြောင်းရင်းကိုလည်း သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထို့အပြင် လားရှိုးမြို့တွင်း ဟိုတယ် ၊ စားသောက်ဆိုင် ၊ Bar ရှိသည့် နေရာများ၌ ပေါက်ကွဲမှု ဖြစ်လေ့ရှိသည့် အတွက် လက်နက်ကိုင် အဖွဲ့အစည်းများမှ အခွန်ဆက်ကြေးပေးဆောင်ရန် ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်နိုင်ကြောင်းလည်း လားရှိုးမြို့ခံ အသက် (၄၀) ကျော် အမျိုးသား တစ်ဦးက ပြောသည်။

“ဒီပေါက်ကွဲမှု (CS Hotel အနီးပေါက်ကွဲမှု) က ဆက်ကြေး ကိစ္စတွေနဲ့ ဆိုင်မလားတော့ မသိဘူး။ ဒါပေမဲ့ အရင်တုန်းက လားရှိုးမြို့တွင်း ပေါက်ကွဲမှုတွေဟာ လက်နက်ကိုင်တွေကနေ ဆက်ကြေး ပေးကြဖို့ ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ မြို့ခံတွေကြား ပြောနေကြတာ၊ ဘယ်အဖွဲ့က ဖြစ်ဖြစ် ဒီလိုမျိုး ကတော့ မလုပ်သင့်ပါဘူး။ အခုဆို အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတယ်၊ စိတ်မကောင်းဘူး” ဟု လားရှိုးမြို့ခံ အသက် (၄၀) အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်ဖွဲ့ရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ မြို့ပေါ်အထိ ဆက်ကြေးကောက်ယူမှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ လက်အောက်ခံ စခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းမှာလည်း လားရှိုးမြို့ပေါ်ရှိ Sunny Hotel ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...