လားရှိုးမြို့ ယာဥ်ထိန်းရဲတစ်ဦး အရပ်သား သေနတ်ပစ်ခတ် သေဆုံး

သျှမ်းပြည် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက် မီးပွိုင့်အနားရှိနေသည့် ယာဥ်ထိန်းရဲ တစ်ဦးကို အရပ်ဝတ် အမျိုးသားတစ်ဦး မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၂၂) ရက် မနက် (၁၀) နာရီခွဲဝန်းကျင်အချိန်တွင် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်တွင်ရှိသည့် မီးပွိုင့် မှ ယာဥ်ထိန်းရဲတစ်ဦးသည် မီးနီဖြတ်သည့် ကားတစ်စီးကို ပိုက်ဆံလိုက်တောင်း ရာမှ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဖြစ်စဥ်ကို မြင်တွေ့ရသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီးနီဖြတ်တဲ့ ကားကို ပိုက်ဆံလိုက်တောင်းရာကနေ ကားပေါ်မှာ ပါတဲ့သူက သေနတ်နဲ့ ပစ်လိုက်ကြတာတဲ့၊ သူက (ယာဥ်ထိန်းရဲ) ဆိုင်ကယ် နဲ့ လိုက်တာပါ။ ညှိလိုက်ကြသေးတယ်။ ညှိမရလို့ သေနတ်နဲ့ ပစ်လိုက်တာလို့ ထင်တာပဲ” ဟု ဖြစ်စဥ်ကို မြင်ရသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ယာဥ်ထိန်းရဲသည် မီးပွိုင့်နား စောင့်လေ့ရှိသူ ဖြစ်ပြီး ၊ မီးနီဖြတ်သွားသည့်ကားများ၊ ဆိုင်ကယ် ဦးထုပ်မဆောင်းသည့် သူများကို လိုက်လံ ပိုက်ဆံတောင်းလေ့ရှိကြောင်း သိရသည်။

ယနေ့ ပစ်ခတ်ခံရမှုတွင် ရင်ဘတ်နေရာသို့ သေနတ် နှစ်ချက် ပစ်ခတ်ခံရပြီး၊ လက်မောင်း၊ ဝမ်းဗိုက် တို့မှာလည်း ကျည်ဆံထိမှန် ထားကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြော သည်။

“အဲ့နားဖြတ်သွားတဲ့သူတိုင်းက သူ့ကိုသိတယ်၊ ပိုက်ဆံလည်း အတောင်းကြမ်းလို့ သူ့ကို ရှောင်ချင် ကြတာပေါ့၊ ဒီနေ့ ပစ်ခတ်မှုမှာ ရင်ဘတ်ကို ၂ ချက်၊ လက်မောင်း နဲ့ ဗိုက်တွေမှာလည်း ထိထားတယ်။ သေနတ်အချက်ပေါင်း ၅ ချက် ပစ်ခတ်ခံရတယ်လို့ သိရတယ်၊ အလောင်းကိုတော့ လူမှုကူညီရေးက လာသယ်သွားပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယာဥ်ထိန်းရဲကို ပစ်သွားသည့် ကားသမားသည် မည်သူ မည်ဝါဖြစ်ကြောင်းကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ CS Hotel အနီး ပေါက်ကွဲမှုဖြစ်ပြီး (၄) ဦးထိခိုက်ဒဏ်ရာရကာ (၂) ဦးသေဆုံးမှု ရှိခဲ့သည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်ဖွဲ့ရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ မြို့ပေါ်အထိ ဆက်ကြေး ကောက်ယူမှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ လက်အောက်ခံ စခန်းများ ပစ်ခတ် တိုက်ခိုက် ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...