လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။

Photo- Credit ( ဖိအားပေး ဝယ်ယူလိုသည့် လယ်ယာမြေနေရာ)

လယ်ယာမြေများသည် ဟန်နားရွာ၏ တောင်ဘက်အရပ်တွင် ၃ မိုင်ကွာဝေးပြီး ဆိုင်ကယ်ဖြင့် ၂၀ မိနစ်ကြာ မောင်းနှင်ရသလို မန်နားရွာဘက်မှ ဟိန်းလွမ့်ရွာလမ်းသို့သွားပါက ၅ မိုင်ကွာဝေးပြီး ဆိုင်ကယ်ဖြင့် ၃၀ မိနစ်ကြာ မောင်းနှင်ရသည်။

ပြည်သူများအနေဖြင့် အဆိုပါ လယ်ယာမြေဧကများကို မရောင်းချပေးစေလိုကြောင်း၊ ထိုသို့ ရောင်းချပေးပါက လယ်ယာ မြေပိုင်ရှင် (၁၆၀) ကျော်သည် အလုပ်လက်မဲ့ဖြစ်ပြီး နေ့စဉ်လုပ်ကိုင်စားသောက်ဖို့အတွက် ခက်ခဲသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ လယ်ယာမြေပိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီလယ်ယာမြေကို မရောင်းရစေဖို့ ကျမတို့ တောင်းပန်ခဲ့တယ်။ ဒီလယ်ယာမြေမှာ စပါး၊ ပြောင်း လုပ်စားတာကလွှဲပြီး ကျမတို့ ဘာမှမလုပ်နိုင်ဘူး။ စပါးတောင်မှ စားဖို့သောက်ဖို့အတွက်ဘဲ လုပ်နိုင်တာ ရောင်းဖို့တောင် မဟုတ်ဘူး။ ရောင်းလိုက်ရင် ဘာမှလုပ်စားလို့ မရတော့ဘူး “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ လယ်ယာမြေများသည် လက်ရှိကာလပေါက်စျေးမှာ တစ်ဧကလျှင် ကျပ်သိန်း ( ၇၀၀ ) နှုန်းရှိသော်လည်း  စိန်ကျော့ပြည်သူ့စစ် ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်း  တစ်ဧကလျှင် ကျပ်သိန်း ၈၀ ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုလယ်ယာဧကပေါ် တွင် သကြားစက်ရုံဆောက်လုပ်ရန် နှင့် ရေအားလျှပ်စစ်ဆောက်လုပ်ရန်အတွက် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဒေသခံများကို ပြောခဲ့သည်။

လက်ရှိ လားရှိုးမြို့ပေါ်ရှိ လယ်ယာမြေများသည် ၆၀ ပေပတ်လည် တစ်ကွက်ကို ကျပ်သိန်း (၃သောင်း) အထိ ပေါက်ဈေးရှိနေပြီး မြို့ပြင်ရှိ လယ်ယာမြေမှာ ကျပ်သိန်း ထောင်နှင့်ချီ ပေါက်ဈေးရှိကြောင်း၊ ကျေးရွာရှိ လယ်ယာမြေ တစ်ဧကမှာ ကျပ်သိန်း (၇၀၀) ကျော်ရှိပြီး လယ်ယာမြေအပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

လယ်ယာမြေများကို မရောင်းချပေးစေလိုသောကြောင့် ပြည်သူများက စုပေါင်းပြီး  ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်ပြည်တပ်မတော် (SSPP/SSA) ထံသို့ သြဂုတ် ၂၂ ရက်တွင် အသနားခံစာ တင်ခဲ့သည်။

ထို အသနားခံစာထဲတွင် ပြည်သူပိုင်လယ်ယာမြေများကို SSPP/SSA မှ ဗိုလ်ချုပ် ပန်ဖမှ ဦးဆောင်၍ မြေဧက ၁၀၀ မှ ၅၀၀ ရောင်းချပေးရန် ညွှန်ကြားခဲ့ကြောင်း၊ စိန်ကျော့ပြည်သူ့စစ်ဘက်မှ ဖိအားပေးနေကြောင်း ရေးသားခဲ့သည်။

ပြည်သူပိုင်လယ်ယာမြေများကို အတင်းအဓ္ဓမ ရောင်းချခိုင်းခြင်းနှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးထံ သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ လယ်ယာမြေရောင်းချမှုသတင်းသည် မှန်ကန်ကြောင်း၊ သို့သော်လည်း အသေးစိတ်ကို မသိရကြောင်း ၎င်းဇနီးဖြစ်သူ ဖြေကြားခဲ့သည်။

အလားတူ ဟန်နားကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက “ကျနော်တို့ ရွာဉက္ကဌပြောတာတော့ သူဌေးရှင် ကုမ္ပဏီတွေက ဒီလယ်ယာမြေကို ဝယ်ချင်တယ်လို့တော့ ပြောတယ်။ ဘယ်သူဘယ်ဝါတော့ သူတို့ပိုသိတာပေါ့။ အဲ့ကြောင့် ကျနော်တို့ကို လယ်ယာဘယ်နှစ်ဧကရှိလဲ စာရင်းကောက်ခိုင်းတယ်။ သဘောတူရင် ရောင်း၊ မတူရင် စုပေါင်းပြီး သဘောတူညီတဲ့ အသနားခံစာတင်လို့ပြောတယ် “ ဟု ၎င်းက ဆိုသည်။ 

ယင်းကဲ့သို့ ပြည်သူပိုင်လယ်ယာမြေများ အတင်းအဓ္ဓမ  ရောင်းချခိုင်းခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ (SSPP/SSA) ၏ ပြောရေးဆိုင်ခွင့်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ပြည်သူများစုပေါင်းပြီး အသနားခံစာတင်ပြီးနောက်ပိုင်း ထပ်မံကြားရသည့်သတင်းသည် လယ်ယာမြေဧက ၅၀ ကို မဖြစ်မနေ ရောင်းချပေးရမည်ဖြစ်ကြောင်း  လက်ရှိအချိန်ထိ နယ်မြေသိမ်းဆည်းခြင်း မရှိသေးဘဲ ငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။

စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်သည် ၁၉၈၉ ခုနှစ်က စစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေး ယူထားသည့် သျှမ်းလက်နက်ကိုင်တပ်တစ်ခု၏ ဉက္ကဌ ဗိုလ်ချုပ်လွယ်မော ဆိုသူ ဖြစ်သည်။ ၂၀၀၉ ခုနှစ်က တပ်မဟာသုံးခု ဦးဆောင်ပြီး စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်အဖြစ် အသွင်ပြောင်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...