လားရှိုးမြို့နယ် ညိုမဲအောင် ရိုက်နှက်ခံရသည့် ကိုရင်လေး ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးလိုက်ရ

သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ဝေဠုဝန်ကျောင်းတိုက်တွင် ညှိမဲအောင် ရိုက်နှက်ခံရသော အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

.

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်တွင် အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် စာမရသဖြင့် ကျောင်းထိုင် ဆရာတော်က ညှိမဲအောင် ရိုက်နှက်ခဲ့ကာ ကျပ်ငွေ ၁ သိန်း ၆ သောင်းပေးပြီး ကျေအေးခဲ့ရကြောင်း သိရသည်။

ကိုရင်လေးကို ရိုက်နှက်ခဲ့ပြီးနောက်ပိုင်း ဘုန်းကြီးသည် လူကြီး မိဘ၊ ရပ်မိရပ်ဖ တို့နှင့် တွေ့ဆုံကာ တောင်းပန်ခဲ့ပြီး ကျေအေး ခဲ့ရသည်။

မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ဘုန်းကြီးကျောင်း

“ပိုက်ဆံက ၁၆၀,၀၀၀ ရခဲ့တယ်။ ဒါမဲ့ ကိုရင်လေးကို ဆေးကုသပေးတဲ့ ဆရာဝန်ကတော့ ပိုက်ဆံ မယူဘူး။ ဆေးဖိုး အတွက် ဘောင်ချာတွက်ပေးတယ်။ ကျမတို့က ဘောင်ချာယူပြီးတော့ ဘုန်းကြီးနား ကုန်ကျသလောက် ပြန်သွားထုတ်ရတာပေါ့။ ကျမတို့ကလည်း သွားယူရမယ်လေ။ ကျမတို့ ဆေးခန်းသွားပြရတာလည်း ဆီဖိုး တစ်ရက်ကို ၂ သောင်းလောက် ကုန်တယ်လေ။ အမှုဖွင့် တရားစွဲတာတွေတော့ မရှိဘူး။ အဲ့နေ့ကပဲ ရပ်မိရပ်ဖတွေနဲ့ပဲ တောင်းပန်ပြီးတော့ ပြီးသွားတာပါ” ဟု ကိုရင်လေး၏ ဆွေးမျိုး တော်စပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဝေဠုဝန်ကျောင်းထိုင်ဆရာတော်သည် အရက်သေစာ သောက်စားမှုလည်း ရှိသည့်အပြင် ဘုန်းကြီးသည် ကိုရင်များကြား ခွဲခြားဆက်ဆံမှုလည်းရှိကြောင်း သိရသည်။

“ ကိုရင်လေးတွေ ပြန်ပြောပြတာတော့ အဲ့ဘုန်းကြီးကတော့ အရက်လည်း သောက်တယ်တဲ့။ ပြီးတော့ ကိုရင်လေးတွေကို ခွဲခြားဆက်ဆံတယ်။ သျှမ်းလူမျိုးဆိုရင် တစ်မျိုးဆက်ဆံပြီး အလုပ်တွေ ပိုလုပ်ခိုင်းတယ်တဲ့။ ဗမာလူမျိုးဆိုရင်တော့ ဘာမှ သိပ်မပြောဘူး။ အဲ့ဘုန်းကြီးကျောင်းကလည်း ဗမာဘုန်းကြီးကျောင်းပဲ။ ဖြစ်နိုင်ရင်တော့ အဲ့ဘုန်းကြီးကို လူဝတ်လဲခိုင်းပြီးတော့ တစ်ခြား ဘုန်းကြီး လာထိန်းကျောင်းစေချင်တာပေါ့” ဟု အထက်ပါ ဆွေမျိုးတော်စပ်သူက ပြောသည်။

လက်ရှိ အချိန်ထိ ကိုရင်လေးသည် ဆေးခန်းသို့ ပုံမှန်သွား ပြသနေကြောင်း ကိုရင်လေးသည် အပြင်ဒဏ်ရာ သက်သာလာသော်လည်း စိတ်ဒဏ်ရာ ရှိနေပြီး ၊ ဘုန်းကြီးများကို ကြောက်နေသည် ဟု သိရသည်။

“လူဝတ်လဲခိုင်းလည်း မလဲချင်ဘူးတဲ့။ လူဝတ်လဲ ခိုင်းပြီးတော့ ဗမာကျောင်း နေခိုင်းမယ်ဆိုလည်း မနေချင်ဘူးတဲ့။ သူကတော့ သင်္ကန်းပဲ ဝတ်ချင်တာ။ သူအခုတော့ ကြောက်စိတ်တွေ ဝင်နေတာရှိတယ်။ ဘုန်းကြီးနဲ့ သွားတွေ့မယ်ဆိုရင်လည်း မတွေ့ရဲဘူးပေါ့။ ကြောက်တယ်။ စကားမပြောရဲဘူး။ မကြည့်ရဲဘူး။ ဒီကျောင်းမနေတော့ဘူးပဲပြောတယ်။ ဘုန်းကြီး ထပ်ရိုက်မှာကို ကြောက်တယ်။ အဲ့လိုတော့ ပြောတာပေါ့။ အခုထိတော့ ဆေးခန်း ပြန်သွားပြနေရသေးတယ်။ မနက်ဖန်လည်း ဆေးခန်းထပ်သွားပြရအုံးမယ်” ဟု နီးစပ်သူ ဆွေမျိုးတစ်ဦး ကပြောသည်။

ရိုက်နှက်ခံရသည့် ကိုရင်လေးသည် မိဘ နှင့် အတူ နေထိုင်သူ မဟုတ်ပဲ ဆွေမျိုးများ နှင့် အတူ နေထိုင်နေရသူဖြစ်သည်။

၎င်း၏ မိဘ နှစ်ပါးက လမ်းခွဲသွားခဲ့ပြီး ဖခင်ဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး မိခင်ဖြစ်သူက ထပ်မံအိမ်ထောင်ပြုကြောင်း သိရသည်။

အဆိုပါ အကြောင်းရင်းကြောင့် ကိုရင်လေးသည် လူလဲမဝတ်ချင်သေးဘဲ ရဟန်းအဖြစ်သာ နေထိုင်လိုကြောင်း ၎င်း၏ ဆွေမျိုးဖြစ်သူမှ ပြောသည်။

ကိုရင်လေးကို ညိုမဲအောင် ရိုက်နှက်ခံရသည့် ကိစ္စ နှင့် ပတ်သက်ပြီး ဆွေမျိုးများကတော့ တရားစွဲဆိုဖို့ အခက်ခဲရှိနေသော်လည်း တစ်ခြား အဖွဲ့စည်းမှ အရေးယူ ဆောင်ရွက်ပေးခြင်းလည်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း သျှမ်းပြည် ကျေးသီးမြို့နယ် မိုင်းကောင်းကျေးရွာတွင် နွားနို့တစ်ဗူးကို ခိုးသောက်ခဲ့သည့် ကိုရင်လေးကိုလည်း ရိုက်နှက်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည် အထိဖြစ်ခဲ့သည်။

ကိုရင်လေးများ ရိုက်နှက်ခံရမှု နှင့် ပတ်သက်ပြီး သံဃာနာယက အဖွဲ့အစည်းများကလည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိကြောင်းသိရသည်။

အဆိုပါ ဝေဠုဝန်ကျောင်းတိုက်သည် ကိုရင်လေးများ ကျောင်းမှ ပြောင်းရွှေ့နေထိုင်သွားခြင်းကြောင့် လက်ရှိမှာ ကိုရင်လေး (၆) ပါးခန့်သာ ကျန်ရှိပါတော့သည်။

၂၀၁၉ ခုနှစ်မှ စတင်ပြီး မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ကျောင်းတိုက် တည်ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...