လားရှိုးမြို့နယ် စစ်ကောင်စီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (စက်တင်ဘာလ ၆ ) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး၌ ပစ်ခတ်သံများ စတင်ကြားရပြီး ၁၅ မိနစ်အကြာ၌ ပြန်လည် ငြိမ်သက်သွားကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စိုင်းစော (နာမည်လွဲ) က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပစ်ခတ်သံကတော့ သိပ်မကြာဘူး၊ နှစ်ဖက် ပစ်ခတ်သံမျိုးပါပဲ၊ TNLA နဲ့ စစ်ကောင်စီတို့ ပစ်ကြတာလို့ ပြောပေမဲ့ ကျနော်တို့လည်း သေချာမသိဘူး၊ အဲ့က ပစ်ခတ်သံတွေ ငြိမ်သွားပြီး ခဏအကြာမှာ စစ်ကား သုံး လေး စီးလောက် လာလှည့်ပတ်သွားတာ တွေ့ရတယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စိုင်းစော (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် လားရှိုးမြို့ နှင့် သီပေါမြို့ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီး ဘေးတွင် ဖြစ်နေပြီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းသိရသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ (၅) ရက် ည (၈) နာရီဝန်းကျင်တွင်လည်း နောင်မွန်ကျေးရွာအနီး ယာဥ်ခေတ္တရပ်နားထားသည့် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှု ရှိကြောင်းလည်း သိရသည်။

“သီပေါကနေ တက်လာတဲ့ ယာဥ်တန်း အစီး ၃၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ လားရှိုးကို ဦးတည်သွားနေတာပေါ့။ နောင်မွန်ရွာ အကျော်နားလေးမှာ ခရီးတစ်ထောက်နားနေတုန်း ပေါက်ကွဲသံ ကြားရတယ်။ ကားထိခိုက်တာ ရှိပေမဲ့ ချက်ချင်းပဲ လားရှိုးကို ဦးတည်ပြန်ထွက်သွားတာ တွေ့ရတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မူဆယ်ခရိုင် နှင့် လားရှိုးခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး နှစ်ဖက်တပ်ဖွဲ့ကလည်း စစ်ရေး အင်အား အပြိုင်ဖြည့်တင်းနေကြကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၅ ရက် ည ၁၀ နာရီဝန်းကျင်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ခိုင်တံတားနားရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး 81 မမ အမျိုးအစားဖြင့် ရမ်းသမ်းပစ်ခတ်လိုက်သည့် အတွက် မိုင်းယုကျေးရွာရှိ အရပ်သားနေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးပြီး၊ အိမ်မွေး တိရိစ္ဆာန်များလည်း သေဆုံးရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...