လားရှိုးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ယနေ့ (စက်တင်ဘာလ ၁၄) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး အုတ်တံတိုင်း ပြိုကျခြင်းကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၁၄) ရက် နံနက် ၂ နာရီအချိန်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် အတွင်း ရေကြီးရေလျှံ ဖြစ်ပွားခဲ့ပြီး ရပ်ကွက် ၅ အတွင်းရှိ လူနေအိမ်တစ်လုံးပေါ် အုတ်တံတိုင်းပြိုကျကာ အိမ်ထဲမှ အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

“အုတ်တံတိုင်း ပြိုကျပြီး နေအိမ်ပေါ်ပိမိတာ။ အိမ်ထဲက အုတ်ပိမိပြီး သေဆုံးတဲ့သူကိုလည်း အုတ်ပုံ အောက်ကနေ ဆွဲထုတ်ကူညီခဲ့တယ် “ ဟု ၎င်းကို သွားရောက်ကူညီခဲ့သည့် လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းမှ လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြထားသည်။

အလားတူ တောင်ကျရေများ စီးဆင်းလာမှုကြောင့် လားရှိုးမြို့ ရပ်ကွက် ၅ အပါအဝင် ရပ်ကွက် ၆ ၊ ၇ ၊ ၈၊ ၁၂ အတွင်းရှိ နေအိမ်ထဲ ရေများစီးဝင်ပြီး အိမ်အတွင်း လူပိတ်မိသည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် နံနက် ၇ နာရီခွဲအချိန်တွင် ရေပြန်လည်ကျဆင်းသွားခဲ့ပြီး ရေစီးဝင်ခံရသည့် နေအိမ်များမှ ပြည်သူအချို့သည် ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခြင်း ပြုလုပ်နေကြောင်း သိရသည်။

လားရှိုးမြို့ ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက “အဓိကတော့ မိုးတအားရွာလို့ ဖြစ်တာ။ ပြီးတော့ အခုမြို့ပေါ်မှာ အိမ်ခြေများလာတာ နဲ့အတူ အိမ်တိုင်းလိုလို တမံတလင်း ခင်းကျတာပေါ့။ မိုးရွာရင် ရေကမြေကြီးထဲ မစိမ့်ဝင်နိုင်တော့ဘူး။ နောက်ပြီး အမှိုက်ကို စနစ်တကျ မစွန့်ပစ်လို့ မြောင်းတွေပိတ်တာကော၊ တောင်ပေါ်မှာ ပြောင်းတွေစိုက်ကြပြီး ဓာတုပစ္စည်းအရမ်းသုံးလို့ မြေကြီးပျက်စီးတာ၊ ရေဆုပ်နိုင်စွမ်း မရှိတော့တာတွေပေါ့ “ဟု ၎င်းကဆိုပြန်သည်။

ထို့အပြင် လားရှိုးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပါက နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဖြစ်ပွားနေလျက်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက ရေနုတ်မြောင်း ပြုပြင်ပေးခြင်း၊ ရေကြီးမှု ပြသာနာများကို လေ့လာဆောင်ရွက် ပေးခြင်း အားနည်းကာ အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားလာလျှင် လူမှုကူညီရေးအသင်းများသာ အားကိုးနေရကြောင်း ဒေသခံများကဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...