Tuesday, January 27, 2026

လားရှိုးမြို့ CS Hotel အနီး ပေါက်ကွဲမှု အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ် အမှတ် (၂) ရပ်ကွက်ရှိ CS Hotel အနီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၄) ဦးထဲမှ အမျိုးသမီး တစ်ဦး ဆေးကုသမှု ခံယူနေစဥ် ထပ်မံသေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် ရရှိထားသည့် ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့ ရဲ့ ရင်ဘတ်၊ နောက်စေ့ နဲ့ လက်တွေမှာ ဒဏ်ရာတွေ တော်တော်ပြင်းထန်တယ်။ ဆေးရုံရောက်ပြီး နောက်တစ်နေ့ မှာပဲ ဆုံးသွားတယ်။ (၂၀) ရက်နေ့ ညနေပိုင်းမှာ ဆုံးသွားတယ်” ဟု သေဆုံးသူ အမျိုးသမီး နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ နှင်းဆီလမ်းရှိ CS Hotel အနီး၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုမှ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးရသည့် အပြင် ထိခိုက်ဒဏ်ရာရသူ ကျား (၃) ဦး ၊ မ (၂) ဦး ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် သေဆုံးသွားသည့် အမျိုးသမီးသည် ဒေါ်အမ်းပလွတ် အသက် (၄၅) နှစ် ဖြစ်ပြီး သား (၁) ဦး၊ သမီး (၁) ဦး မိခင် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်း နှင့် ပတ်သက်ပြီး လားရှိုးမြို့ခံများအနေဖြင့် အပြင်ထွက် သွားလာရေးအတွက် စိုးထိတ်လန့် နေရကြောင်း နှင့် ထိခိုက် သေဆုံးသူများအတွက်လည်း စိတ်မကောင်းကြောင်း လားရှိုးမြို့ခံ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အများပြည်သူ အသုံးပြုတဲ့ နေရာမှာ ဖောက်ခွဲမှု လုပ်တာကိုတော့ မဖြစ်သင့်ပါဘူး၊ ဘယ်လို အကြောင်းအရာ နဲ့ ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အဖွဲ့အစည်းက ဖြစ်ဖြစ် ဒါမျိုးက မလုပ်သင့်ပါဘူး။ အခုဆို အပြင်ထွက် သွားလာဖို့လည်း တော်တော်ကို ကြောက်ရတယ်၊ အရေးမကြီးရင် အပြင်မထွက်ချင်တော့ဘူး။ အဲ့လိုမျိုး ကြုံရမှာ ကြောက်လို့” ဟု လားရှိုးမြို့ခံ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်ဖွဲ့ရှိသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ မြို့ပေါ်အထိ ဆက်ကြေးကောက်ယူမှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ လက်အောက်ခံ စခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းမှာလည်း လားရှိုးမြို့ပေါ်ရှိ Sunny Hotel ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...