လားရှိုးမြို့

လားရှိုးမြို့နယ်အတွင်း အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်နေသည်ဟုသျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ပြော

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်ကျေးလက်ဒေသခံများအပေါ် အစိုးရတပ်မတော်က လူ့အခွင် ့အရေးချိုးဖေါက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါအစီရင်ခံစာတွင် အစိုးရ တပ်မတော်သည် ၄င်းတို့တပ်စခန်းတည်ဆောက်ရေးအတွက် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုဝင် ၁၁ ရွာ မှ ရွာသူရွာသား အယောက်တစ်ရာကျော်အားအဓမ္မ လုပ်အားခိုင်းစေသည့်အပြင်...

လားရှိုးမြို့ ရှောင်လမ်း ကုန်တင်ကားတိမ်းမှောက် လူ၂ဦးသေ

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့ ရှောင်လမ်း တွင် ကုန်တင်ကား တိမ်းမှောက်ကာ လူ ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၇ )ရက် မွန်လွဲ ၃နာရီ ခွဲကျော်တွင် ကုန်တင်ကားတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း တဦး နှင့် ယာဉ်နောက်လိုက်တဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လားရှိုးလူငယ်များ...

လားရှိုးမြို့တွင် ခိုရိုနာ သံသယရှိသူ တဦးထပ်မံတွေ့

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus ( နိုဗယ်လ် ခိုရိုနာ) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိသူ တဦး ထပ်မံတိုးလာကြောင်း သတင်းရရှိသည်။   လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ တဦးထပ်မံတိုးလာကြောင်း၊ ထိုသံသယရှိသူ၏...

လားရှိုးမြို့ တွင် ဆယ်ကျော်သက် လူငယ်တဦး ဓားခုတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင် ယနေ့ ညနေ ၄နာရီ တွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၅) အထက်တန်းကျောင်း(အထက ၆) အနောက်ဘက်လမ်းတွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း၊ လက်ရှိမှာ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း လားရှိုး လူငယ်...

လားရှိုးမန်ဆူ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိတိမ်းရှောင်နေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ မန်ဆူ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) ည ၄နာရီတွင် စစ်ရှောင် ၅၀၀ကျော် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ လက်ရှိ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူများသည် လွယ်တောက်ကျေးရွာ၊ ပန်ဟုန်းကျေးရွာ မှ ပြည်သူများဖြစ်ကြပြီး ထိုသူများသည်...

တအာင်းလူမှုအဖွဲ့အစည်းရုံး နှင့်နေအိမ် စစ်ဆေးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ တအာင်း လူမှုအဖွဲ့အစည်းရုံး၊ နေအိမ်များကို မြန်မာ့ တပ်မတော်မှ ဝင်ရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။   နိုဝင်ဘာ ၁၆ ရက် လားရှိုးမြို့ ပေါ်တွင် ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားခင် မနက် အစော ပိုင်းနှင့် ဖြစ်ပွားမှု အပြီးတွင် မြန်မာ့...

လားရှိုး – ရမခ စစ်တိုင်းရုံးအနီး လက်နက်ကြီး ပစ်ခတ်ခံရလို့ ပတ်ပတ်လည်လမ်းများပိတ်ထား

ယနေ့နံနက်ပိုင်းက လားရှိုးမြို့ ဘူတာကြီး နှင့် စစ်တိုင်းရုံးအနီး ရှော့တိုက်ဒုံး ပစ်ခတ်ခံရရာ လူထု အသက်အိုးအိမ်ထိမှန်သောကြောင့် ယနေ့ ညနေပိုင်းအတွင်း စစ်တိုင်းရုံး ပတ်ပတ်လည်လမ်းမ များအား ပိတ်ထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။ လားရှိုးကြီးမှ လေယာဉ်ကွင်း - ဘူတာဘက်သွားသည့် မြို့ပတ်လမ်း၊ ခိုင်းဟျိုး (ခါးရိုး)မှ စစ်တိုင်းရုံးဘက်သွားသည့်လမ်း၊ လားရှိုး ပြည်သူ့အားကစားကွင်းဘက်မှာ...

လားရှိုးမြို့တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်၊ ပန်အုပ် ကျောင်းအနီးတွင် ယမန်နေ့ တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက် လားရှိုး အမှတ်(၅) ရပ်ကွက်၊ တွင် အသက် ၃၀ အရွယ်ရှိ ကိုသက် သည်...

လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခု ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် သံဃာတော်များ ဘုရား၀တ်ပြုနေစဉ် လက်နက်ကိုင် လူနှစ်ဉီး   ကျောင်းထိုင်ဆရာတော်အား ၀င်ရောက်ပစ်ခတ်ရာ ကျည် ၅ ချက် ထိမှန်ပြီး ပျံလွန်တော်မူ သွားသည်ဟု သိရသည်။ “သံဃာတော်တွေ...

လားရှိုးမြို့တောင်ဘက်ကျေးလက်အတွင်း တိုက်ပွဲဖြစ်ပွါးမှု စစ်ရှောင် ၇၀၀ကျော် ရှိ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ သြဂုတ်လ ၂၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်က ညီနောင် မဟာမိတ် ၃ ဖွဲ့က လားရှိုးမြို့ အခြေစိုက် ရမခ တိုင်း...

Latest news