Wednesday, January 28, 2026

လားရှိုးရောက် ဒေါ်အောင်ဆန်းစုကြည် အား အယုံအကြည်မရှိသည့်စာများ ဖြန့်ဝေ

လားရှိုးမြို့သို့ လာရောက်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်စာများ နေရာ အနှံ့ ဖြန့်ဝေနေကြောင်းတွေ့ရသည်။

 

Photo by ဒေသခံ တဦး၊ ဓာတ်တိုင်တွင် ကပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အယုံအကြည်မရှိစာ

မတ်လ ၁၀ ရက် ယနေ့ မနက်ပိုင်းက လားရှိုးမြို့သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် လူထုနှင့်တွေ့ဆုံပွဲ ပြုလုပ်ကြောင်း သိရသည်။

လူထုတွေ့ဆုံပွဲ ပြုလုပ်နေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား လက်မခံ အယုံအကြည်မရှိ ဟူသည့်စာများ လားရှိုးမြို့အနှံ့ ဖြန့်ဝေကြသည်။

ထိုကန့်ကွက်စာ တွင် “ WE NEVER BELIEVE NEO-NAZI MA MA!” “ အောင်ဆန်း ကတိ အောင်ဆန်း သမီးမတည်” “ ရက်ပေါင်း ၉၀ နေရုံနဲ့ မဲပေးခွင့် ဘယ်လဲဘာလဲ” အစရှိ ရေးသားထားကြသည်။

ခေတ်သစ်နာဇီ စနစ် ဖြင့် သျှမ်းပြည် ကို ပင်လယ်ပြင် မလုပ်ရန် ၊ သျှမ်းပြည် အတွင်းရေကာတာ တည်ဆောက်မှုများ ဆက်မလုပ်ရန် အစရှိသည်တို့လည်းရေးသားထားကြောင်းသိရသည်။

Photo by Kham Oo/ ဒေါ်အောင်ဆန်းစုကြည် အားကြိုဆိုနေသည့်ပုံ

ကန့်ကွက်စာများကို လူသွားလာမှုများသည့် နန်းဟေဝန် ပန်ခြံလမ်း၊ လားရှိုးမြို့ ဝင် မုခ်ဦး၊ NLD ပါတီရုံးရှေ့နှင့် နားမခေါ် ယာဉ်ရပ်နားစခန်းတို့တွင် ဖြန့်ဝေထား သကဲ့သို့ လမ်းဘေး ဓာတ်တိုင်များတွင်လည်း ကပ်ထားကြကြောင်း ဒေသခံများကပြောသည်။

“ ကန့်ကွက်စာတွေ ကို လမ်းဘေး ဓာတ်တိုင်မှာ ကပ်ထားတာတွေ့ရတယ်။ နောက် နားမခေါ် ယာဉ်ရပ်နားစခန်းမှာတွေ့တယ်။ ဘယ်သူလာချသွားလဲတော့မသိဘူး။ ၉ နာရီကျော်က စမြင်တာ” ဟု လားရှိုးမြို့ ယာဉ်မောင်းတဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လားရှိုးမြို့တော်ခန်းမတွင် လူထု တွေ့ဆုံ ပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်က အဓိက အနေဖြင့် လုံခြုံရေး နှင့် လက်ရှိ ဖြစ်နေသည့် Novel Corona Virus (ခိုရိုနာ) အကြောင်း ကို ပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်သူများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားမည် ဟု သိရသည်။


Photo by ဒေသခံ တဦး၊ ဒေါ်အောင်ဆန်းစုကြည်အယုံအကြည်မရှိစာ ဖြန့်ဝေ

၂၀၂၀ ရွေးကောက်ပွဲ ကာလလည်း နီးကပ်လာပြီ ဖြစ်သဖြင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ပြုလုပ်နေသည့် သဘော ရှိကြောင်း၊ ပြည်သူ့တွေ့ဆုံပွဲတွင်လည်း တိကျသည့် ပြောဆိုမှု မရှိကြောင်း လည်း လူထုတွေ့ဆုံပွဲ တက်ရောက်သူများထံက ပြောသည်။

“ အစကတည်းက တွေ့ဆုံပွဲ ဆွေးနွေးပွဲ မဟုတ်ဘူးလို့ သူတို့ ပြောပြီးသားပါ။ အခုက ၂၀၂၀ ရွေးကောက်ပွဲလည်းနီးတော့ မဲဆွယ်ခရီးလားလို့တောင် သံသယ ဖြစ်စရာရှိတယ်လို့” လူထု တွေ့ဆုံပွဲ တက်ရောက်သည့် စိုင်းအောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဆက်လက်ပြီး လက်ရှိမှာ ကမ္ဘာတဝန်းလုံး စိုးရိမ်ထိတ်လန့်နေသည့် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးပွဲများမပြုလုပ်ရန်၊ မသွားရန် သက်ဆိုင်ရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လူထု တွေ့ဆုံပွဲကို ကျင်းပနေသည်မှာ စဉ်းစားစရာဖြစ်ကြောင်းလည်း လားရှိုးပြည်သူများက ပြောဆိုလိုက်သည်။

“ လားရှိုးက တရုတ်ပြည်နဲ့နီးတယ်။ ခိုရိုနာ ကြောင့် လူစုလူဝေးတွေ မလုပ်ဖို့ ထုတ်ပြန်တယ်။ နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင်က လူစုလူဝေး ပြုလုပ်တယ်ဆိုတော့ စဉ်းစားစရာပါပဲ” ဟု လားရှိုး ဒေသခံ နန်းနန်း က ဆိုသည်။

ယနေ့ ပြုလုပ်သည့် လူထု တွေ့ဆုံပွဲတွင် ခိုရိုနာ ဗိုင်းရပ်စ် (ဝူဟန်) ဖြစ်လာပါက လူထု အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လည်း ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်းပြောဆိုခဲ့သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...