Tuesday, January 27, 2026

လားရှိုးမြို့ တွင် ဆယ်ကျော်သက် လူငယ်တဦး ဓားခုတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင် ယနေ့ ညနေ ၄နာရီ တွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

 

Photo by NayMyo/ယနေ့ ညနေ ၄နာရီ တွင် ဓားခုတ်ခံရသည့် လူငယ်ပုံ

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၅) အထက်တန်းကျောင်း(အထက ၆) အနောက်ဘက်လမ်းတွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း၊ လက်ရှိမှာ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း လားရှိုး လူငယ် လူမှုကူညီရေး အသင်း မှ ကိုအောင်ကျော်ဦး က ပြောသည်။

“ နေအိမ်ထဲမှာ နေရင်နဲ့ ခုတ်ခံရတာပါ။ တုတ်နဲ့ လည်းရိုက်ထားတယ်။ ဓားနဲ့ ခုတ်တာကတော့ ဘယ်ဘက် တံတောင်ဆစ် ထိရှသွာတးယ်။ အခု လားရှိုးဆေးရုံ အရိုးဆောင်ကို ပို့ထားတယ် ” ဟု ကိုအောင်ကျော်ဦး ကပြောသည်။

အဆိုပါ ဓားခုတ်ခံရသူသည် အသက် ၁၆နှစ် အရွယ်ရှိကြောင်း၊ လာရောက်ခုတ်သည့် သူကို စုံစမ်းနေဆဲဟု ကိုအောင်ကျော်ဦး က ထပ်လောင်းပြောသည်။

Photo by Nay Myo/ယနေ့ ညနေ ၄နာရီ တွင် ဓားခုတ်ခံရသည့် လူငယ်ပုံ

“ ရန်ညိုး ရန်စ ရှိလို့လာခုတ်သွားတဲ့သဘောပါ။ ရဲတွေကတော့ လာခုတ်တဲ့သူကို စုံစမ်းနေတယ်။ တရားခံတော့ မဖမ်းမိသေးဘူး” ဟု ကိုအောင်ကျော်ဦးက ဆိုသည်။

လားရှိုးမြို့တွင် မကြာခဏ ဓားခုတ်မှု ဖြစ်ပွားကြောင်း၊ ယခုနောက်ပိုင်း နေ့ခင်းအချိန်တွင် ဓားခုတ်ခံရမှု ဖြစ်ပွားလာမှုကြောင့် ဒေသခံ များ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားနေကြကြောင်း လားရှိုးဒေသခံများ ပြောပြချက် အရသိရသည်။

“ နေ့ခင်းမှာ ဓားခုတ်မှုတွေ ဖြစ်တော့ သွားလာရတာ တောင် ကြောက်နေရတယ်။ ဆေးသမားတွေကလည်း ပေါတော့ ဘယ်သွားသွား သတိရှိနေရတယ်” ဟု လားရှိုး ဒေသခံ ကျော်လှ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လားရှိုးမြို့တွင် မကြာခဏ လုယက်မှု၊ ခိုးမှု၊ ဓားခုတ်မှုများ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာ က တိကျစွာ ကိုင်တွယ်ပေးခြင်း ဖြေရှင်းပေးခြင်း မရှိကြောင်းလည်း လားရှိုး ကျော်လှ က ပြောသည်။

“ အရင်က ည မှောင်ရင် လုယက်တာ၊ ခိုးတာ ၊ ဓားခုတ်တာရှိတယ်။ အခုက နေ့ခင်းတောင် ဓားခုတ်တော့ လားရှိုး မြို့ တရားဥပဒေ စိုးမိုးမှု က လုံးဝ မရှိဘူးတော့ဘူး။ ကြောက်နေရတယ်” ဟု ကျော်လှ က ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...