Saturday, April 27, 2024

လားရှိုးမြို့နယ်အတွင်း အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်နေသည်ဟုသျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ပြော

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်ကျေးလက်ဒေသခံများအပေါ် အစိုးရတပ်မတော်က လူ့အခွင် ့အရေးချိုးဖေါက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF အစီရင်ခံစာ ထုတ်ပြန်ထားသည်။

Photo SHRF – တပ်မှဆင့်ဆိုသော သစ်များ ၀ါးများကို ရွာသားများသွားရောက်ခုတ်ယူပေးနေပုံ

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါအစီရင်ခံစာတွင် အစိုးရ တပ်မတော်သည် ၄င်းတို့တပ်စခန်းတည်ဆောက်ရေးအတွက် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုဝင် ၁၁ ရွာ မှ ရွာသူရွာသား အယောက်တစ်ရာကျော်အားအဓမ္မ လုပ်အားခိုင်းစေသည့်အပြင် ဒေသခံများထံမှ သစ်များ၊ ၀ါးများ၊ သက်ကယ်များကိုပါတပ်ခြံကာဖို့အတွက်ဟုဆိုကာ ယူငင်သွားကြောင်း SHRF က ထုတ်ပြန်ကြေငြာထားသည်။

SHRF ပြောရေးဆိုခွင့်ရှိသူစိုင်းဟော်ဆိုင်က “ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံဖြစ်ပြီဆို ပေမယ့် တောရွာမှာနေထိုင်တဲ့တိုင်းရင်းသားတွေတော့ ဘာကောင်းကျိုးမှမခံစားရသေးဘူး။ အစိုးရတပ်မတော်ရဲ့ လုပ်အားခိုင်းစေမှု လူ့အခွင့်အရေးကျူးလွန်မှုတွေကို ဆက်တိုက်ခံနေရတုန်း ပါပဲ။ ဒါကြောင့် ဒီကျူးလွန်တဲ့ စစ်တပ်တွေကို အရေးယူပေးဖို့ ဒီမိုကရေစီအစိုးရကြီးကို တောင်းဆိုချင်ပါတယ် ”- ဟု ပြောသည်။

Photo SHRF- မိုင်းကျက်ကျေးရွာအုပ်စု တည်နေရာပြမြေပုံ

အဆိုပါဒေသဘက်တွင် အစိုးရပ်တပ်မတော် စစ်သည်အင်အား ၃၀၀ ကျော် အခြေစိုက်လှုပ်ရှားနေကြောင်း၊ စစ်ဆင်မှု ကွပ်ကဲရေး စကခ ၁၀ လက်အောက်ခံတပ်ရင်းများ၊ ခမရ ၃၆၂၊ ၃၆၅ ၊ ၃၆၆ အပြင် တပ်မ ၁၁ ၊ ၈၈ လက်အောက်ခံ တပ်ရင်းများလည်း ရံဖန်ရံခါ လာရောက်လှုပ်ရှားကြောင်းသိရသည်။

“လမ်းဖေါက်တာတွေဘာတွေက ဟုတ်သေးတယ်။ အခု က တပ်စခန်းမှာ ခံတုတ်ကျင်းတူး ခိုင်းတာ၊ ခြံစည်းရိုးခတ်ခိုင်းတာ တွေတော့ ဒီခေတ်မှာ မဖြစ်သင့်တော့ဘူးလေ” – မိုးကျက်ရွာသူ ကလေးမိခင် နန်းအိန် က ပြောသည်။

တပ်စခန်းတည်ဆောက်မှု၊ လမ်းဖေါက်လုပ်မှုများသည် တပ်မတော်သားများအတွက်မဟုတ်ကြောင်း၊ ရွာသားများအတွက်သာဖြစ်ကြောင်း၊ တပ်စခန်း ဆောက်လုပ်နေမှုသည်လည်း ရွာသားများအတွက်လုံခြုံရေးသာဖြစ်ကြောင်း ရွာသားများအား ယခင်ပြောင်းရွေ့သွားသည့် တပ်မှူးက ပြောသည်။

အဆိုပါဒေသအတွင်း အစိုးရ တပ်မတော် တပ်စခန်းတည်ဆောက်မှု အင်အားတိုးချဲ့ချထားမှု များသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာမှု၊ မန္တလေး – လားရှိုး – မူစယ်လမ်း – တရုတ်ပြည်လမ်း၊ သိန္နီ-ကွန်လုံ-ချင်းရွှေဟော် – တရုတ်ပြည်စသည့် ပြည်ထောင်စုလမ်းမကြီးလမ်း၊ တရုတ်နိုင်ငံအားရောင်းချပေးရန် ကွန်လုံနောင်ဖာ သံလွင်ရေအားလျှပ်စစ်တည်ဆောက်ရေးများ ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်သည်ဟု SHRF က ထုတ်ပြန်ထားသည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)

Leave a Comments

- Advertisement -spot_img

Latest article