လားရှိုးမြို့တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်၊ ပန်အုပ် ကျောင်းအနီးတွင် ယမန်နေ့ တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံးကြောင်း သတင်းရရှိသည်။

Photo by လားရှိုးဒေသခံ တဦး

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက် လားရှိုး အမှတ်(၅) ရပ်ကွက်၊ တွင် အသက် ၃၀ အရွယ်ရှိ ကိုသက် သည် ဓားထိုးဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ သေဆုံးသူသည် မူးယစ်ဆေး သုံးစွဲသူဟု ယူဆရကြောင်း သျှမ်းလူငယ်အဖွဲ့ (TYO) မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်အထင် မူးယစ်ဆေးကြောင့်ပဲ။ ဘာလို့ လဲဆိုတော့ ရပ်ကွက် (၅) မှာ မူးယစ်ဆေးသုံးတဲ့သူများတယ်။ မူးယစ်ဆေး သုံးသူအချင်းချင်း ဖြစ်တယ်လို့ ထင်ပါတယ် ” ဟု စိုင်းဟန် က ပြောသည်။

အဆိုပါ သေဆုံးသူ သည် ခါးနှင့် ဝဲပေါင် တွင် ထိုးသွင်းဒဏ်ရာ ရကြောင်း သိရသည်။

လက်ရှိမှာ ဓားထိုးခံရသည့် ကိုသက် နှင့် ပတ်သက်ပြီး လားရှိုးမြို့ မန်မိုင်း တောင်ကုန် မိအယ်(ခ) ဝဏ္ဏစံ ကို လားရှိုးမြို့ မရဲစခန်း မှ (ပ) ၄၅၃/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ကာ ဖမ်းဆီးထားကြောင်း လားရှိုးမြို့ မရဲစခန်းမှ စုံစမ်းသိရသည်။

လားရှိုးမြို့ ပေါ်တွင် မူးယစ်ဆေးဝါး အလွယ်တကူ ရရှိကာ မကြာခဏ ဒုစရိုက်မှု ဖြစ်ပွားကြောင်း လည်း လားရှိုး ဒေသခံများက ပြောသည်။

ယခုနှစ် ဇူလိုင် ၈ ရက်တွင်လည်း အမှတ်(၆) ရွှေလီရပ်ကွက် တွင် အရက်မူးပြီး လမ်းသွားလမ်းလာများအား ဓားကိုင် ကာ ရမ်းကားဆဲဆိုသည့် အမျိုးသား သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို ဓားရှည်ဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...