Tuesday, January 27, 2026

လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခု ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် သံဃာတော်များ ဘုရား၀တ်ပြုနေစဉ် လက်နက်ကိုင် လူနှစ်ဉီး   ကျောင်းထိုင်ဆရာတော်အား ၀င်ရောက်ပစ်ခတ်ရာ ကျည် ၅ ချက် ထိမှန်ပြီး ပျံလွန်တော်မူ သွားသည်ဟု သိရသည်။

Photo Credit to Lashio Youth- အောက်တိုဘာလ ၂၀ ရက် ၂၀၁၉ တွင် သေနတ်ပစ်ခတ်ခံရသော လားရှိုးမြို့ခေးနင်းအုပ်စု ခေးနင်းကျောင်းတိုက်ဆရာတော်ဦးပညာဇောတ

“သံဃာတော်တွေ ဘုရား ရှိခိုးနေချိန် ဆရာတော်က စင်္ကြန် လျှောက်နေတဲ့အချိန်အပြင် ကနေပြီး ၀င်ပစ်သွားတာ ပေ ၄၀-၅၀ လောက် ရှိမယ်။ ဒဏ်ရာ ၅ ချက် ခေါင်း နဲ့ ကိုယ်ခန္ဓာ မှာ ထိမှန်တာ  ပွဲချင်းပြီး ဘဲ” – ဟု လားရှိုး နေ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ပြောသည်။

Photo Credit to Lashio Youth- အောက်တိုဘာလ ၂၀ ရက် ၂၀၁၉ တွင် သေနတ်ပစ်ခတ်ခံရသော လားရှိုးမြို့ခေးနင်းအုပ်စု ခေးနင်းကျောင်းတိုက်ဆရာတော်ဦးပညာဇောတ၏ ရုပ်ကလာပ်တော်

ဆရာတော် ဉီးပညာဇောတ သက်တော် ၄၅ နှစ် ဝါတော် ၂၅ သည် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျောင်းတိုက် တွင် ၂၀၀၃ ခုနှစ်မှစပြီး ကျောင်းထိုင် ကာ ဘုရားအမှုပြုလာခဲ့သည်မှာ ၁၆ ဝါ ရှိ ပြီဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိ ဆရာတော်ဉီးပညာဇောတ ၏ ရုပ်ကလာပ်တော်အား လားရှိုးဆေးရုံတွင် ပို့ဆောင်ကာ တာ၀န်ရှိများက စစ်ဆေးနေကြောင်းသိရှိရသည်။

ခေးနင်းရွာသည် လားရှိုးမြို့အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ လားရှိုး-သီပေါကြားတွင် တည်ရှိပါသည်။

၂၀၁၈ ခုနှစ်က အောက်တိုဘာလ ၅ ရက် ယမန်နှစ်ကလည်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဉီးကလျာဏဝံသ  အားလည်း အမည်မသိလက်နက်ကိုင် ဆိုင်ကယ်စီးလူနှစ်ဉီးက ၀င်ရောက်ပစ်ခတ်သည့်အတွက် သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် ပျံလွန်တော်မူသွားသည်။ အဆိုပါ လူသတ်သမား အားလည်း ယနေ့တိုင် တာ၀န်ရှိများက ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

“လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေး” ကိစ္စ NCA (၇)ဖွဲ့နှင့် NSPNC တွေ့ဆုံ ဆွေးနွေး

0
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ သည် လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေးဆိုင်ရာ ကိစ္စများကို နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယမန်နေ့ (မတ် ၂၉)ရက်တွင် နေပြည်တော်၌ တစ်နိုင်ငံလုံး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေးဖမ်းဆီးမှုပြုလုပ်

0
သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက...