လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခု ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် သံဃာတော်များ ဘုရား၀တ်ပြုနေစဉ် လက်နက်ကိုင် လူနှစ်ဉီး   ကျောင်းထိုင်ဆရာတော်အား ၀င်ရောက်ပစ်ခတ်ရာ ကျည် ၅ ချက် ထိမှန်ပြီး ပျံလွန်တော်မူ သွားသည်ဟု သိရသည်။

Photo Credit to Lashio Youth- အောက်တိုဘာလ ၂၀ ရက် ၂၀၁၉ တွင် သေနတ်ပစ်ခတ်ခံရသော လားရှိုးမြို့ခေးနင်းအုပ်စု ခေးနင်းကျောင်းတိုက်ဆရာတော်ဦးပညာဇောတ

“သံဃာတော်တွေ ဘုရား ရှိခိုးနေချိန် ဆရာတော်က စင်္ကြန် လျှောက်နေတဲ့အချိန်အပြင် ကနေပြီး ၀င်ပစ်သွားတာ ပေ ၄၀-၅၀ လောက် ရှိမယ်။ ဒဏ်ရာ ၅ ချက် ခေါင်း နဲ့ ကိုယ်ခန္ဓာ မှာ ထိမှန်တာ  ပွဲချင်းပြီး ဘဲ” – ဟု လားရှိုး နေ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ပြောသည်။

Photo Credit to Lashio Youth- အောက်တိုဘာလ ၂၀ ရက် ၂၀၁၉ တွင် သေနတ်ပစ်ခတ်ခံရသော လားရှိုးမြို့ခေးနင်းအုပ်စု ခေးနင်းကျောင်းတိုက်ဆရာတော်ဦးပညာဇောတ၏ ရုပ်ကလာပ်တော်

ဆရာတော် ဉီးပညာဇောတ သက်တော် ၄၅ နှစ် ဝါတော် ၂၅ သည် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျောင်းတိုက် တွင် ၂၀၀၃ ခုနှစ်မှစပြီး ကျောင်းထိုင် ကာ ဘုရားအမှုပြုလာခဲ့သည်မှာ ၁၆ ဝါ ရှိ ပြီဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိ ဆရာတော်ဉီးပညာဇောတ ၏ ရုပ်ကလာပ်တော်အား လားရှိုးဆေးရုံတွင် ပို့ဆောင်ကာ တာ၀န်ရှိများက စစ်ဆေးနေကြောင်းသိရှိရသည်။

ခေးနင်းရွာသည် လားရှိုးမြို့အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ လားရှိုး-သီပေါကြားတွင် တည်ရှိပါသည်။

၂၀၁၈ ခုနှစ်က အောက်တိုဘာလ ၅ ရက် ယမန်နှစ်ကလည်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဉီးကလျာဏဝံသ  အားလည်း အမည်မသိလက်နက်ကိုင် ဆိုင်ကယ်စီးလူနှစ်ဉီးက ၀င်ရောက်ပစ်ခတ်သည့်အတွက် သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် ပျံလွန်တော်မူသွားသည်။ အဆိုပါ လူသတ်သမား အားလည်း ယနေ့တိုင် တာ၀န်ရှိများက ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်” အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်”ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) ညနေ ၄ နာရီခွဲကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ “တွမ်ကျားကုန်စုံဆိုင်” အတွင်း ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို...

လက်နက်ကိုင်ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၄)ဦး ရုပ်အလောင်း ပြန်တွေ့

0
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)ဉီး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ (၉)ရက် ညပိုင်းတွင် ပြန်တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ရုပ်အလောင်း (၄)လောင်းကို ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ မြောက်ဘက် တောစပ်တစ်နေရာတွင် ဖေဖော်ဝါရီ (၉)ရက်တွင် ပြန်တွေ့ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရွာမြောက်ဘက်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...