လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်” အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်”ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) ညနေ ၄ နာရီခွဲကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ “တွမ်ကျားကုန်စုံဆိုင်” အတွင်း ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသား (၃) ဦးက ဝင်ရောက်ဖမ်းဆီးကာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဈေးနားလေးက တွမ်းကျား ကုန်စုံဆိုင်ရဲ့ ပိုင်ရှင်ကို လူ ၃ ယောက်၊ ၄ ယောက်လောက်က ဝင်ပြီး ဖမ်းခေါ်သွားတာ။ အရပ်အမောင်းနဲ့ လှုပ်ရှားတဲ့ ပုံစံကို ကြည့်ရင်တော့ လက်နက်ကိုင် အဖွဲ့တွေထဲက ဖြစ်နိုင်တယ်”ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုပြန်ပေးဆွဲခံရသည့် အမျိုးသမီးသည် အသက် ၂၃ နှစ် ဝန်းကျင်ရှိ မယဉ်ယဉ်ထွန်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင်လည်း လားရှိုးမြို့ပေါ် ရပ်ကွက် (၄) ရှိ “ကျော်သရဖူ ရွှေဆိုင်”၏ ရွှေပန်းတိမ် လုပ်ငန်းရှိရာ နေအိမ်သို့ အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ဓားပြတိုက် လုယက်ခဲ့ခြင်းကြောင့် ရွှေသား (၅) ပိဿာခန့်နှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မြို့တွင်းလုံခြုံရေး ယူထားသည့်ကြားမှ လူသတ်မှု၊ ဓားပြတိုက် လုယက်မှုတို့ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် မြို့နေပြည်သူများအကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လျက် ရှိသည်။

လားရှိုးမြို့အတွင်းရှိ ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပြီး မြို့အပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...