လားရှိုး – ရမခ စစ်တိုင်းရုံးအနီး လက်နက်ကြီး ပစ်ခတ်ခံရလို့ ပတ်ပတ်လည်လမ်းများပိတ်ထား

ယနေ့နံနက်ပိုင်းက လားရှိုးမြို့ ဘူတာကြီး နှင့် စစ်တိုင်းရုံးအနီး ရှော့တိုက်ဒုံး ပစ်ခတ်ခံရရာ လူထု အသက်အိုးအိမ်ထိမှန်သောကြောင့် ယနေ့ ညနေပိုင်းအတွင်း စစ်တိုင်းရုံး ပတ်ပတ်လည်လမ်းမ များအား ပိတ်ထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။

Photo Credit to Owner -လားရှိုးခေးနင်းတွင်ယနေ့မနက်ပိုင်း ကျရောက်ထိခိုက်ပျက်စီးသော ရှော့တိုက်ဒုံး

လားရှိုးကြီးမှ လေယာဉ်ကွင်း – ဘူတာဘက်သွားသည့် မြို့ပတ်လမ်း၊ ခိုင်းဟျိုး (ခါးရိုး)မှ စစ်တိုင်းရုံးဘက်သွားသည့်လမ်း၊ လားရှိုး ပြည်သူ့အားကစားကွင်းဘက်မှာ ဟော်ကောဝ့်လန် ဘက်သွားသည့် လမ်းများ ယနေ့ည ဦးပိုင်းမှစ၍ ဒေသခံ အာဏာပိုင်များ ပိတ်ထားကြောင်း လားရှိုးမြို့ခံများ ပြောပြချက်အရသိရသည်။

“လားရှိုးကြီးကနေ အသွား ပေါက့်စန့်လိတ် နားမှာစပိတ်တာ၊ လေယာဉ်ကွင်း နားမတောင် မရောက်သေးဘူး။ လွယ်ရိုး – ဘူတာ အဆင်း တက္ကသိုလ် ဘက်မှာလဲ ပိတ်တယ် ” – ဟု လားရှိုးတက္ကသိုလ် ကျောင်းသား စိုင်းခမ်း က ပြောသည်။
ယနေ့နံနက်ပိုင်းအတွင်း လားရှိုးမြို့ပေါ် ပစ်ခတ်မှု တွင် – လေယာဉ်ကွင်း ဘက် တလုံးဦးတည် ပစ်ခတ်ကြောင်း၊ ရပ်ကွက် ၉ ဘက် နှစ်လုံး ကျကြောင်း၊ ၆၂၆ ထောက်/ပို့တပ်အနောက်ဘက် တလုံးကြကြောင်း၊ ပစ်ခတ်မှုတွင် လားရှိုးမြို့ခံ တဦး ထိမှန်ဒဏ်ရာရသည့်အပြင် နေအိမ် နှင့် ကားများ ထိမှန်ကြောင်း သိရသည်။

Photo Credit to Owner -လားရှိုးခေးနင်းတွင်ယနေ့မနက်ပိုင်း ကျရောက်သော ရှော့တိုက်ဒုံးကြောင့် နေအိမ်နှင့်ကားများ ထိခိုက်ပျက်စီးမှု

“ဒါတောင်ထိပ်ဖူးဘဲကွဲတာ တလုံးလုံးသာပေါက်ရင်တော့ အကုန်သေလောက်ပြီ။ မြို့ထဲမှာကျရင်ပိုဆိုးမှာ”- ဟုလည်း ရပ်ကွက်သား ကိုဦးကပြောသည်။

Photo Credit to Owner -လားရှိုးခေးနင်းတွင်ယနေ့မနက်ပိုင်း ကျရောက်သော ရှော့တိုက်ဒုံးကြောင့် နေအိမ်နှင့်ကားများ ထိခိုက်ပျက်စီးမှု

ယခုပစ်ခတ်မှုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့လက်ချက်ဟု ဒေသခံများပြောဆိုနေကြသော်လည်း အတည်ပြုချက်ရယူရန် TNLA ပြောရေးဆိုခွင့်ရှိသူထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မရခဲ့ပေ။
သြဂုတ်လယ်ကလည်း မြောက်ပိုင်းစစ်ရေးမဟာမိတ်တို့မှ ပြင်ဦးလွင် နည်းပညာတက္ကသိုလ် ၊ စစ်ဆေးရေးဂိတ်၊ ဂုတ်တွင်းဂိတ်၊ တံတားများ ပစ်ခတ်မိုင်းခွဲခဲ့ရာ သျှမ်းပြည်မြောက်ပိုင်းတွင် စစ်မြေပြင်အဖြစ်ပြောင်းလဲသွားပြီးနောက်ပိုင်း ယခု နိုဝင်ဘာလ အတွင်း စစ်ရေး ပြန်လည်တင်းမာလာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရမှု ထိခိုက်သေဆုံးမှုရှိ

0
စစ်ကော်မရှင် ကျင်းပနေသည့် အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်သည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) နံနက်...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...