ရွှေ့ပြောင်းအလုပ်သမား

လုပ်ငန်းခွင်မှာ တန်းတူ လစာရရှိဖို့ ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

“ ရှင်းရှင်းပြောပါ..ကျယ်ကျယ်ပြောပါ၊ ဒုက္ခသည်များကို ကြိုဆိုကြပါ..၊ ရွှေ့ပြောင်းအလုပ်သမားများကို ကြိုဆိုကြပါ..၊ အမျိုးသမီးများကို ကြိုဆိုကြပါ “ ဆိုပြီး ထမီအလံကိုင်ဆောင်ကာ ဟော်ဟစ် တောင်းဆိုခဲ့သည်။ ယမန်နေ့ မတ် (၈) ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းရောက် ပြည်သူများနှင့်...

မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး တိုးမြှင့်ကောက်ခံ၊ ထိုင်းရောက် မြန်မာလုပ်သားများ ပိုမိုခက်ခဲလာ

ထိုင်းနိုင်ငံ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးသည့် အခကြေးငွေကို တိုးမြှင့်ကောက်ယူ လိုက်သောကြောင့် မြန်မာလုပ်သားများ ယခင်ထက် ပိုခက်ခဲလာကြောင်း သတင်းသိရသည်။ PJ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများ (သက်တမ်းတိုး) ကို မြန်မာသံရုံးမှ ယခင်က စာအုပ်အခကြေးငွေ (၈၀၀) ဘတ် (အစား) ၁၂၅၀ ဘတ်နှုန်းအထိ တိုးမြှင့်ကောက်ယူခြင်း...

ဘန်ကောက်မြို့ လေထပ်တိုက် အဆောက်အဦး ပြိုကျ မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေးထပ်တိုက် အဆောက်အဦး ပြိုကျမှုကြောင့် မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်း ၄ နာရီအချိန် ထိုင်းနိုင်ငံ ဟိုင်ခွမ်းခရိုင် Wat Uthai Tharam (ဝတ်ဥထိုင်းထားရမ်း) အနီး...

ထိုင်းလူမျိုးသာ လုပ်ကိုင်ခွင့်ပေးထားသည့် အလုပ်ကို တရားမဝင် လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ Night Life လမ်းဟု လူသိများသည့် Khao San လမ်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ခရီးသွားအဖြစ် ဟန်ဆောင်ပြီး အစားအသောက်ဝယ်ယူကာ...

ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး လမ်းမပေါ်၌ ပန်းရံ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက် ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ဘန်ကောက်မြို့ ဖဟွန်ယိုးထင်းလမ်းမပေါ်၌ မိုးသည်းထန် ရွာသွန်းမှု နှင့် အတူ မိုးခြိန်းသံများ...

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ တိုကင်နံပါတ်ရရှိရန် ညအိပ်စောင့်ဆိုင်းနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိတိုကင်နံပါတ် ရရှိဖို့အတွက် မြန်မာသံရုံးရှေ့ရှိ လမ်းမဘေးတွင် ညအိပ်စောင့်ဆိုင်းနေကြကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ကစတင်ပြီး မြန်မာသံရုံးသည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးသော်လည်း ကိုယ်စားလှယ်များ စေလွှတ်ပြီး ထုတ်လုပ်ခြင်းကို လုံးဝထုတ်ပေးမည် မဟုတ်ကြောင်း သတိပေးထုတ်ပြန်ပြီးနောက်...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဦး ဓားထိုးသတ်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဦး ပျောက်ဆုံးသွားရာမှ ဓားဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်း ၅ နာရီတွင် စတင်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၎င်း၏ ဆွေမျိုးအသိုင်းအဝိုင်း နှင့် သူငယ်ချင်းများက လိုက်လံရှာဖွေရာ...

ယာဥ်စည်းကမ်း လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်

ထိုင်းနိုင်ငံ အတွင်း ကား / ဆိုင်ကယ် ယာဥ်စည်းကမ်းများ လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက် မှစတင်ပြီး ထိုင်းအာဏာပိုင်ဘက်မှ ယာဥ်စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း Chiangmai News သတင်းဌာနမှ ထုတ်ပြန်ထားသည်။ “ထိုင်းအာဏာပိုင်တွေ ခုရက်ပိုင်း စည်းကမ်းတွေ...

ချင်းရိုင်းမြို့နယ် ယာဉ်တိုက်မှုဖြစ် ဆယ်ကျော်သက် သျှမ်းလူငယ်ဦး နှစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းမိုင် - ချင်းရိုင်းကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆယ်ကျော်သက်အရွယ်ရှိ သျှမ်းလူငယ် ၂ ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ညနေ ၇ နာရီကျော် အချိန်က ချင်းရိုင်းမြို့နယ် အတွင်းရှိ...

မူဆယ်မြို့နယ် လာရောက်နေထိုင်သူများ ရပ်ကွက်ထောက်ခံစာတောင်းခံရန်ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းသို့လာရောက်နေထိုင်သည့် တခြားဒေသမှ ပြည်သူများခရီးသွားရန်အတွက် ရပ်ကွက်ထောက်ခံစာတောင်းခံရာ တွင် ခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ်ထဲသို့ လွန်ခဲ့သည့် ၂ လမှစပြီး တစ်ခြားမြို့နယ် မှတ်ပုံတင်နံပါတ်ကိုင်ဆောင်ထားသူများက လာရောက်နေထိုင်ပြီး ခရီးထွက်ရန် ရပ်ကွက်ထောက်ခံစာတောင်းခံရာတွင် တစ်ချို့က မရရှိကြောင်း သိရသည်။ “ သူတို့ မြို့ခံမဟုတ်ရင်တော့ ထောက်ခံစာရဖို့က ခက်တယ်။ ကျနော်ဆိုရင်...

Latest news