ထိုင်းလူမျိုးသာ လုပ်ကိုင်ခွင့်ပေးထားသည့် အလုပ်ကို တရားမဝင် လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။

တရားမဝင် လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ Night Life လမ်းဟု လူသိများသည့် Khao San လမ်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ခရီးသွားအဖြစ် ဟန်ဆောင်ပြီး အစားအသောက်ဝယ်ယူကာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရားမဝင် မြန်မာအလုပ်သမား ၁၁ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာမှ တဆင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အလားတူ ချင်းမိုင်မြို့ Chang Phueak တွင် အစားအသောက်၊ သစ်သီး နှင့် အဖျော်ယမကာများ ရောင်းချနေသော အသက် ၄၀ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကိုလည်း ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထမ်မံဖမ်းဆီးရမိကြောင်း မြန်မာ့ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ စိုင်းလိန်ခမ်းက ပြောသည်။

တရားမဝင် လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

“ အဓိကတော့ ကိုယ့်ပတ်ဝန်းကျင် လူတွေကြောင့် ကိုယ့်ကိုယ် မနာလိုမှုတွေဖြစ်လာရင် ဒီလူကဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ထိုင်းရဲတွေကို သွားတိုင်တာပေါ့။ တကယ့်တကယ်တော့ ထိုင်းရဲတွေက ဒီလူဘာအလုပ် လုပ်တယ်၊ ဘာဖြစ်နေတယ်ဆိုတာ မသိဘူး။ ပတ်ဝန်းကျင်ကလူတွေ မကောင်းလို့၊ အကျင့်ယုတ်လို့ဘဲ ဒီလိုမျိုး အဖြစ်ပျက်မျိုးတွေ မြင်ရတိုင်း စိတ်မကောင်းဖြစ်မိတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဖမ်းခံရသည့် အမျိုးသမီးတစ်ဦးသည် ၎င်း၏ဆိုင်ကို ဖွင့်လှစ်ရောင်းချနေခြင်းမှာ (၂) နှစ်ကျော်ပြီဖြစ်ပြီး လက်ရှိမှသာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် ကန့်သတ်ထားသည့် အလုပ်မျိုးမှာ စုစုပေါင်း (၄၀) မျိုးရှိပြီး ထိုထဲမှ အလုပ် (၂၇) မျိုးကိုတော့ မြန်မာလုပ်သားများအတွက် (လုံးဝ) လုပ်ကိုင်ဆောင်ရွက်ခွင့် မပေးထားကြောင်း သိရသည်။

တရားမဝင် လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

“ ထိုင်းမှာ ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် အလုပ်ဆိုရင် (၂) မျိုးပဲ ရှိတယ်။ ပန်းရံလုပ်မလား၊ အိမ်ဖော်လုပ်မလားပေါ့။ ဦးနှောက်နဲ့စဉ်းစားပြီး လုပ်ရတဲ့အလုပ်မျိုး၊ ချွေးမထွက်တဲ့အလုပ်မျိုးဆို လုံးဝ လုပ်ကိုင်ခွင့်မပေးထားဘူး။ စားသောက်ဆိုင်မှာတောင် ဆိုင်စောင့်ရတဲ့ အလုပ်လုပ်လို့မရဘူး၊ အနောက်မှာ ပန်းကန်ဆေးတဲ့ အလုပ်လုပ်ရတာ “ ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းကျော်ဟိန်းက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ ကန့်သတ်ထားသော အလုပ်မျိုးကို မြန်မာလုပ်သားများ လုပ်ဆောင်နေခြင်းကို တွေ့ရှိပါက တစ်ဦးကို ဘတ် (၅,၀၀၀ မှ ဘတ် ၅၀,၀၀၀) ထိ ဒဏ်ငွေဆောင်ရသည့်အပြင် မြန်မာနိုင်ငံ နေရပ်သို့ ပြန်ပို့ခံရသည့်အဆင့်ထိ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

“ ကျမ အလုပ်လုပ်တဲ့ နေရာမှာက ပတ်စပို့ကော၊ အလုပ်ကော တရားဝင် မှန်ကန်ပါတယ်။ ဈေးရောင်းတယ် ဆိုတာလည်း သူများရဲ့ တပည့်အနေနဲ့ ဝင်လုပ်တာ။ တကယ်လို့ ကိုယ်က ကိုယ်ပိုင်ဆိုင်လေး ဖွင့်ပြီးရောင်းမယ်ဆိုရင်တော့ တရားမဝင်ဘူး” ဟု ချင်းမိုင်မြို့ ကတ်မိန်းမိုင်စျေးမှာ ဈေးရောင်းသည့် နန်းနွတ်က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့်ကာလအတွင်းမှာ မြန်မာပြည်တွင်းတွင် စီးပွားရေး အဆမတန် ကျဆင်းနေပြီး ပြည်သူများသည် စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရန် ခက်ခဲလာကာ ရေကြည်ရာ မြက်နုရာ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...