Tuesday, January 27, 2026

ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး လမ်းမပေါ်၌ ပန်းရံ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိသည်။

ဘန်ကောက်မိုးကြိုးပစ်ခံရသူကို လာရောက်ကယ်ဆယ်နေစဥ်

ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက် ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ဘန်ကောက်မြို့ ဖဟွန်ယိုးထင်းလမ်းမပေါ်၌ မိုးသည်းထန် ရွာသွန်းမှု နှင့် အတူ မိုးခြိန်းသံများ ဖြစ်ပေါ်နေချိန် အသက် ၂၁ နှစ်အရွယ် အောင်ထူးစိုးက ဘိလပ်မြေဖျော်နေစဉ်အတွင်း လမ်းမပေါ်၌ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

“မောင်လေး ဆုံးသွားတာတော့ မထင်မှတ်ဘဲ ဖြစ်လာတဲ့ အကြောင်းလို့ဘဲ ပြောရမှာပေါ့။ မတော်တဆ မိုးကြီးလေကြီးနေတဲ့အချိန်မှာ မီးကြိုးပစ်ခံရပြီး သေဆုံးသွားတာ။ သူ့အလုပ်က လူတွေလည်း ပြောပြပါတယ် သူဘိလပ်မြေဖျော်နေတုန်းမှာ မိုးကြိုးပစ်ကွင်းထဲမှာရှိလို့ ပစ်ခံရပြီး သေဆုံးသွားတယ် “ ဟု ၎င်း အစ်မဖြစ်သူတစ်ဦးက ပြောသည်။

အဆိုပါ အောင်ထူးစိုးက မိုးကြိုးပစ်ခံရပြီးနောက်ပိုင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်အလောင်းသယ်ယူကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

တားမြစ်လုပ်ငန်းများ လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးရန် ထိုင်းညွန်ကြားရေးမှူးချုပ် အမိန့်ပေး

0
ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော အလုပ်များကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မလုပ်စေရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများကို စစ်ဆေးရန် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား အစားအသောက်ပို့ဆောင်သူတစ်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...