ဘန်ကောက်မြို့ လေထပ်တိုက် အဆောက်အဦး ပြိုကျ မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေးထပ်တိုက် အဆောက်အဦး ပြိုကျမှုကြောင့် မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လေးထပ်ထပ်ပြိုကျ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်း ၄ နာရီအချိန် ထိုင်းနိုင်ငံ ဟိုင်ခွမ်းခရိုင် Wat Uthai Tharam (ဝတ်ဥထိုင်းထားရမ်း) အနီး ဆောက်လက်စ အဆောက်အဦး လေးထပ်တိုက်တစ်ခု ပြိုကျမှုဖြစ်ပြီး မြန်မာလုပ်သား ၁၀၀ ကျော် ဘေးလွတ် ထွက်ပြေးတိမ်းရှောင်နိုင်ရာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာ Thaiger ဖော်ပြချက်အရသိရသည်။

“ ဆောက်လုပ်ရေးအတွက် အလုပ်သမား စုစုပေါင်း ၁၃၀ ဦးခန့် ငှားထားတယ်။ အများစုက မြန်မာလုပ်သားတွေ ဖြစ်ပါတယ်။ တိုက်မပြိုကျခင်မှာ အလုပ်သမား တချို့က တိုက်ပြိုတော့မယ်လို့ သတိပေးပြီး အရပ်ရပ်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်။ မထွက်ပြေးနိုင်ခဲ့တဲ့ မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရသွားတယ် “ ဟု ၎င်း သတင်းမီဒီယာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ လေးထပ်တိုက် အဆောက်အဦးသည် နှစ်ထပ်တိုက်ပေါ်ကနေ ပြိုကျလာသဖြင့် ထွက်မပြေးနိုင်သော မြန်မာလုပ်သား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးသည် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောက်ထပ် အမျိုးသမီး ၂ ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သတိလှစ်သွားကြောင်း ထိခိုက်ဒဏ်ရာရသူ မြန်မာလုပ်သား စုစုပေါင်း ၅ ဦးကို ပက်ချာရာဗက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပြိုကျသွားသည့် လေးထပ်တိုက်ဆောက်လုပ်ရေး အဆောက်အအုံသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်မှ ၂၀၂၃ ဇူလိုင် ၇ ရက်အထိ တစ်နှစ်အတွင်း ဆောက်လုပ်မည့် လူနေအိမ် နှင့် ရုံးခန်းအဆောက်အဦးများဖြစ်ကြောင်း၊ ယခု တိုက်ပြိုကျမှုဖြစ်ပွားပြီးနောက် လုပ်ငန်းများကို ရပ်ဆိုင်းပိတ်သိမ်းထားရသည်ဟု ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...