မူဆယ်မြို့နယ် လာရောက်နေထိုင်သူများ ရပ်ကွက်ထောက်ခံစာတောင်းခံရန်ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းသို့လာရောက်နေထိုင်သည့် တခြားဒေသမှ ပြည်သူများခရီးသွားရန်အတွက် ရပ်ကွက်ထောက်ခံစာတောင်းခံရာ တွင် ခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့

မူဆယ်မြို့နယ်ထဲသို့ လွန်ခဲ့သည့် ၂ လမှစပြီး တစ်ခြားမြို့နယ် မှတ်ပုံတင်နံပါတ်ကိုင်ဆောင်ထားသူများက လာရောက်နေထိုင်ပြီး ခရီးထွက်ရန် ရပ်ကွက်ထောက်ခံစာတောင်းခံရာတွင် တစ်ချို့က မရရှိကြောင်း သိရသည်။

“ သူတို့ မြို့ခံမဟုတ်ရင်တော့ ထောက်ခံစာရဖို့က ခက်တယ်။ ကျနော်ဆိုရင် ကျောက်မဲကလူ။ ဒီကိုလာနေတာ နှစ် ၂၀ လောက်တော့ရှိပြီ။ မှတ်ပုံတင်ကတော့ ကျောက်မဲမြို့ပေါ့။ ခရီးထွက်ဖို့ ထောက်ခံစာတောင်းရင် မရဘူး။ တော်တော်ပြောယူပြီးမှ ထောက်ခံစာရတာ။ တစ်ခါတစ်လေဆို မရဘူး” ဟု မူဆယ်မြို့တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် ဧပြီလမှစပြီး ခရီးသွားပြည်သူများ ခရီးသွားပါက မှတ်ပုံတင်ပါရှိရန်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ယခုနောက်ပိုင်း ဩဂုတ်၊ စက်တင်ဘာ လမှ စပြီး တွင် ရပ်ကွက်ထောက်ခံစာပါ စစ်ဆေးပြီး တောင်းခံနေကြောင်း မူဆယ်- လာရှိုး ယာဉ်မောင်းထံသိရသည်။

လက်ရှိ မူဆယ်မြို့တွင် ထောက်ခံစာတောင်းခံရန် ခက်ခဲသည့် အကြောင်းအရင်း သည် မြို့ခံမဟုတ်ကြောင်း နှင့် တစ်ခုခုဖြစ်ပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တာဝန်ယူရသောကြောင့် ၎င်းတို့ မထုတ်ပေးခြင်းဖြစ်သည်ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“တစ်ခုခုဖြစ်မယ်ဆိုရင် သူတို့ တာဝန်ယူရလို့တဲ့။ အဲ့ကြောင့်မလို့ ကျနော်တို့ တစ်ခြားမြို့က လာနေတဲ့သူဆိုရင် မထုတ်ပေးချင်ဘူး။ လမ်းမှာ ပြသာနာတွေဖြစ်လာရင် သူတို့ မြို့က လူမဟုတ်တော့ တာဝန်မယူချင်ဘူးလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ထောက်ခံစာ ရရှိရန်အတွက်လည်း အနည်းဆုံးငွေကြေး ၅,၀၀၀ ပေးရကြောင်း ကိုယ်တိုင် သွားထုတ်ခဲ့သည့် အထက်ပါ သူက ပြောသည်။

အလားတူ မူဆယ်မြို့သို့ ပြောင်းရွှေ့နေထိုင်လာသည့် နယ်ခြားဒေသခံပြည်သူများကို ထောက်ခံစာ ထုတ်ပေးရန် ခက်ခဲကြောင်းလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ပြောသည်။

“ကျနော်တို့ ရပ်ကွက်ထဲကဆိုရင် ဘယ်သူမဆိုထုတ်ပေးတယ်။ ငွေကြေးတွေတောင်းခံနေတာမရှိဘူး။ တစ်ချို့ စေတနာရှိသလောက်ပေးတာ။ တစ်ခြားမြို့က လာနေတဲ့သူတွေကိုတော့ ထောက်ခံစာထုတ်ပေးဖို့ခက်တယ်။ တစ်ချို့က စစ်ကိုင်းကလာတာရှိတယ်လေ။ တစ်ခုခုဖြစ်ရင် လည်းကျနော်တို့က တာဝန်ယူရတယ်ဆိုတော့ အဲကြောင့်ထောက်ခံစာရေးပေးရတာခက်တယ်။ ထောက်ခံစာရေးပေးတာတော့ ရေးပေးပါတယ်” ဟု မူဆယ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း ခရီးသွားပြည်သူများကို စစ်ကောင်စီက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မှတ်ပုံတင် နှင့် ရပ်ကွက်ထောက်ခံစာများကို စစ်ဆေးနေပြီး မပါရှိပါက ငွေကြေးတောင်းခံနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...