ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဦး ဓားထိုးသတ်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဦး ပျောက်ဆုံးသွားရာမှ ဓားဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသည့် အမျိုးသားအလောင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်း ၅ နာရီတွင် စတင်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၎င်း၏ ဆွေမျိုးအသိုင်းအဝိုင်း နှင့် သူငယ်ချင်းများက လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့သောကြောင့် ထိုင်းနိုင်ငံရောက် နိုင်ရာလူမှုကူညီရေးအသင်းမှ တစ်ဆင့် သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ကို လူပျောက်ကြေငြာတိုင်ကြားပြီး ရှာဖွေခဲ့ရာမှ ဓားဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဓားဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးသွားသူသည် အသက် ၃၁ နှစ်အရွယ်ရှိ ခွန်သူရိန်စိုး ဖြစ်ပြီး သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့ နောင်အင်ရွာတွင် နေထိုင်ပြီး ပအိုဝ်းတိုင်းရင်းသား လူငယ်တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

“ ဒီထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမား လူငယ်တွေ သတ်ခံရတဲ့ ဖြစ်စဉ်တွေဟာ မနည်းတော့ဘူးဗျာ။ သူဌေးက သေနတ်နဲ့ ပစ်သတ်ခံရတဲ့သူတွေ၊ လူငယ်တွေ အချင်းချင်း ရန်ဖြစ်ပြီး အပြန်အလှန် သတ်ဖြတ်ကြတာတွေ၊ ဒါတွေဟာ ကျနော်တို့ ခဏခဏ ကြုံရနေဖူး၊ ကူညီခဲ့ရဖူးတယ်။ အဓိကတော့ ကျနော်တို့ လူငယ်တွေ တစ်ယောက်နဲ့ တစ်ယောက် အပေါ်မှာ မာန၊ အတ္တစိတ် နဲ့ သောကစိတ် ထားကြလို့ဘဲ ဖြစ်တယ် “ ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားကို ကူညီပေးသည့် စိုင်းလိန်ခမ်းက ပြောပါသည်။

လက်ရှိ သေဆုံးသူ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံရောက် နိုင်ရာလူမှုကူညီရေးအသင်းများ က လက်တွဲပြီး ပြစ်မှုကြူးလွန်သူကို စုံစမ်းနေဆဲကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ အတွင်းသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်များ အချင်းချင်း အပြန်အလှန် ရိုင်းပင်း ကူညီစေတတ်ရန် နှင့် တစ်ဦးနှင့် တစ်ဦးအပေါ် မေတ္တာတရားထားကြရန် ၎င်းက တိုက်တွန်းထားပါသည်။

“သူများနိုင်ငံမှာ အရေးတကြီး တခုခုဖြစ်လာရင် မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးတွေ အကူညီ တောင်းပါ။ သူများနိုင်ငံမှာ ဉပဒေတွေနဲ့အတူ နေရတယ်၊ တချို့တွေက အယုံအကြည်မရှိဘူး သေပြီးရင် ဘာမှမထူးလာဘူး ဆိုတာကြီးပဲ၊ လူတစ်ယောက်မှာ တန်ဖိုးဆိုတာ အရမ်းရှိပါတယ် “ ဟု ရွှေ့ပြောင်းအလုပ်သမားကို ကူညီပေးနေသည့် စိုင်းလိန် ကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် စစ်ရေးပဋိပက္ခ နှင့် ပျက်ပြားသည့် စီးပွားရေးအခြေနေများကြောင့် ပြည်သူများက အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံကို အလုံးအရင်း နှင့် ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...