လုပ်ငန်းခွင်မှာ တန်းတူ လစာရရှိဖို့ ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

“ ရှင်းရှင်းပြောပါ..ကျယ်ကျယ်ပြောပါ၊ ဒုက္ခသည်များကို ကြိုဆိုကြပါ..၊ ရွှေ့ပြောင်းအလုပ်သမားများကို ကြိုဆိုကြပါ..၊ အမျိုးသမီးများကို ကြိုဆိုကြပါ “ ဆိုပြီး ထမီအလံကိုင်ဆောင်ကာ ဟော်ဟစ် တောင်းဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

ယမန်နေ့ မတ် (၈) ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းရောက် ပြည်သူများနှင့် ထိုင်းနိုင်ငံရှိ အမျိုးသမီးအဖွဲ့များတို့ ပူးပေါင်းပြီး ချီတက်ပွဲ ပြုလုပ်ခဲ့သည်။

လမ်းမ ချီတက်ပွဲကို ယမန်နေ့ (မတ်လ ၈ ရက်) ညနေပိုင်း ၅ နာရီခွဲ အချိန်ကစပြီး ချင်းမိုင် Practice Center near Nawarat Bridge ကနေ Tha Pae Gate အထိ အမျိုးသမီးများ အပါအဝင် အမျိုးသားများ ၊ LGBT များက ထမိန်အလံများ ထူ၍ လမ်းမပေါ်၌ ချီတက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ချီတက်ပွဲတွင် လူဦးရေ စုစုပေါင်း ၃၀၀ ကျော်က ပါဝင်ပူးပေါင်းခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

“ ကျမတို့က အမျိုးသမီးလို့ ပြောလိုက်ပြီဆိုရင် အမျိုးသမီးမှာ မတူညီတဲ့ အရာတွေရှိတယ်။ အမျိုးသမီး ဖြစ်တည်တဲ့ အပေါ်မှာ ကြုံရတဲ့ စိန်ခေါ်ချက်တွေ၊ ပိုပြီးတော့ တွေ့ကြုံရတဲ့ အခက်ခဲတွေ ရှိတယ်။ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေမှာလည်း အခက်ခဲတွေ အများကြီးရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ကာကွယ်ပေးခြင်း မခံရတဲ့ ဟာမျိုးတွေ၊ ကျမတို့က ရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့အတွက် အထောက်ထား နဲ့ မလုပ်နိုင်တဲ့ချိန်မှာ အလုပ်ရှင်ကဖြစ်စေ၊ အုပ်ချုပ်ရေးကနေဖြစ်စေ ခွဲခြားဆက်ဆံခံရတာတွေ အများကြီးရှိတယ်။ ဒါကြောင့် အမျိုးသမီးအပေါ် ဒါမျိုးတွေ မလုပ်ဖို့ ကြိုဆိုပေးဖို့ ကြွေးကြော်ချက်တွေက အရေးကြီးတယ် “ ဟု ထိုင်းရောက် မြန်မာအမျိုးသမီး မအယ်လီနာက ပြောသည်။

အဆိုပါ အမျိုးသမီးများနေ့ကို မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ MAP Foundation၊ HRDF၊ Education Foundation၊ Asia Pacific Forum on Women, Law and Development စသည့်ဖြင့် အဖွဲ့အစည်း စုစုပေါင်း ၁၉ ခုက ပူးပေါင်းစီစဉ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

လမ်းမပေါ် ချီတက်ပွဲထဲက တောင်းဆိုချက် ဆောင်ပုဒ်များမှာ “ အမျိုးသမီးများ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးရဖို့ ပြောင်းလဲမှု အတွက်ရဲရင့်စို့” “ အမျိုးသမီးများသည်လည်း အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရှိရမည်။ ခွဲခြားနှိမ်ချခြင်း ရပ်တန့်ပါ “ ဆိုပြီး တောင်းဆိုကြသည်။

အလားတူ အမျိုးသမီးများနေ့ ချီတက်ပွဲတတ်ရောက်လာသူ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးက “ ကျမက အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် အလုပ်ခွင်မှာဆိုရင် အမျိုးသားတွေထက် လစာဘယ်တော့မှ ကောင်းကောင်းမရပါဘူး။ အမျိုးသားတွေက သစ်ပင်ပေါ်ကို တက်တတ်လို့၊ အလုပ်ကြမ်း လုပ်ရလို့ ကျမမှာ အလုပ်ကြမ်း မလုပ်နိုင်တဲ့အတွက် လစာဆိုရင် အမျိုးသားတွေထက် လျှော့ပြီးပေးတယ်။ ကျမတို့မှာလည်း ကျမတို့ အလုပ်ရှိတယ်။ အုတ်တချက်ကို အမျိုးသားတွေ”မ”နိုင်သလို ကျမတို့လည်း “မ”နိုင်ပါတယ်။ ကျမတို့မှာ သူတို့ထက် အလုပ်ပိုပါတယ်။ အိမ်ထောင်ရေး၊ စားဝတ်နေရေးအကုန် ကျမတို့အမျိုးသမီးတွေ လုပ်ရတယ်။ ကျမ တောင်းဆိုချင်တာတော့ ကျား – မ တန်းတူညီမျှမှုပေးဖို့၊ အလုပ်ခွင်မှာ ကျား – မ တန်းတူလစာပေးဖို့ ထိုင်းဝန်ကြီးတွေကို တောင်းဆိုချင်ပါတယ်” ဟု ၎င်းက တောင်းဆိုသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

ချီတက်ပွဲအပြီးတွင် Tha Pae Gate တွင် ကျား – မ တန်းတူညီမျှမှု ဟောပြောပွဲများ၊ အမျိုးသမီးများ အနေဖြင့် တောင်းဆိုချင်သော တောင်းဆိုချက်များ၊ “ ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်း “ ဓာတ်ပုံများ၊ မြန်မာ့ရိုးရာ အကများနှင့် သရုပ်ဖော်ပွဲများကိုလည်း ကျင်းပပြလုပ်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ အရေးအခင်းမှာလည်း အမျိုးသမီး ပါဝင်မှုကို မေ့ထားလို့ မရကြောင်း၊ မည်သည့် နေရာမဆို အမျိုးသမီးပါဝင်မှုက အရေးကြီးကြောင်း ထိုင်းရောက် မြန်မာအမျိုးသမီး မအယ်လီနာက ထပ်တောင်းဆိုသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

“တန်းတူညီမျှ ဖက်ဒရယ် အရေးမှာ အမျိုးသမီးပါဝင်ရေးကို တောင်းဆိုခဲ့တယ်။ အခု မြန်မာ့အခင်းအကျင်းမှာ တန်းတူညီမျှသွားချင်တယ်။ ဖက်ဒရယ် သွားချင်တယ်ဆိုတဲ့ ဒီလှုပ်ရှားမှုမှာ အမျိုးသမီး ပါဝင်မှုတွေ မေ့ထားလို့မရဘူး။ တန်းတူညီမျှမှုလို့ ပြောရင် လူတိုင်း တန်းတူညီမျှရမယ်။ အမျိုးသမီး၊ အမျိုးသားအတွက် အကုန်လုံး တန်းတူညီမျှရှိရမယ်လို့ တောင်းဆိုချင်ပါတယ် “ ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ က ၁၉၇၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့ကို “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပြီး နှစ်စဉ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး ကမ္ဘာ့တဝှမ်းလုံးတွင် အမျိုးသမီး အခွင့်အရေး နှင့် ကျား – မ တန်းတူညီမျှရေးတို့အတွက် အသိအမြင် မျှဝေရေး လှုပ်ရှားမှုများကို နှစ်စဉ် ကျင်းပလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...