မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး တိုးမြှင့်ကောက်ခံ၊ ထိုင်းရောက် မြန်မာလုပ်သားများ ပိုမိုခက်ခဲလာ

ထိုင်းနိုင်ငံ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးသည့် အခကြေးငွေကို တိုးမြှင့်ကောက်ယူ လိုက်သောကြောင့် မြန်မာလုပ်သားများ ယခင်ထက် ပိုခက်ခဲလာကြောင်း သတင်းသိရသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား

PJ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများ (သက်တမ်းတိုး) ကို မြန်မာသံရုံးမှ ယခင်က စာအုပ်အခကြေးငွေ (၈၀၀) ဘတ် (အစား) ၁၂၅၀ ဘတ်နှုန်းအထိ တိုးမြှင့်ကောက်ယူခြင်း နှင့် OWIC ကဒ်ကို ၂၅၀ ဘတ်ဆိုပြီး စုစုပေါင်း ၁၅၀၀ ဘတ်အထိ တိုးမြှင့်ကောက်ယူ လာခြင်းကြောင့် ထိုင်းရောက် မြန်မာလုပ်သားများမှာ ပိုမိုခက်ခဲလာနေကြောင်း ပတ်စပိုစ့် လုပ်ဆောင်နေသူ စိုင်းမိန်းခွမ်း (အမည်လွှဲ) ပြောသည်။

အဆိုပါ စာအုပ် အခကြေးငွေကို မတ်လ ၃ ရက်မှစပြီး တိုးမြှင့်ကောက်ယူမည် ဖြစ်ကြောင်း မြန်မာသံရုံးမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“အခု ကျနော်တို့ ပတ်စပိုစ့် လုပ်ဖို့ အရမ်းခက်ခဲနေတယ်။ ထိုင်းနိုင်ငံကို အခုမှ စရောက်တဲ့သူဆို ဘာမှန်းမသိ၊ ထိုင်းဘက်ကတော့ ဖွင့်ပြီး ပတ်စပိုစ့် လုပ်ပေးနေတယ်။ ပတ်စပိုစ့်က လုပ်လို့ မပြီးမစီး နဲ့ သက်တမ်းက ထပ်တိုးရပြီ။ စာအုပ်တွေက ဘာမှမရလာသေးဘူး ထပ်ပြီး သက်တမ်းတိုးနေရတာ။ ရလာတော့လည်း စာရွက်စာတမ်းတစ်ခုထဲ ဘာမှ မရလာသေးဘူး။ အခုထပ်ပြီး ဈေးက ထပ်တက်ပြန်ပြီ ဘာကိုမှ အဆင်မပြေနေဘူး“ ဟု စိုင်းမိန်းခွမ်းက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်းသို့ စတင်ရောက်ရှိလာကြသည့် မြန်မာလုပ်သားများသည် ထိုင်းဘာသာ အခက်အခဲကြောင့် မြန်မာသံရုံး၌ ကိုယ်တိုင် သွားရောက်လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲနေကြောင်း သိရသည်။

ထို့ကြောင့် ပွဲစားထံမှ လုပ်ဆောင်ရသဖြင့် ကုန်ကျစရိတ်များပြားပြီး ယခုလို ဈေးနှုန်းတိုးမြှင့် လိုက်သည့်အခါ ပိုမိုအခက်ခဲ ကြုံနေရကြောင်း ထိုင်းရောက် မြန်မာလုပ်သား ခွန်ဟန်စိုးက ပြောသည်။

“ ကုန်ကျ စရိတ်သက်သာအောင် ကိုယ်တိုင်သွားလုပ်မယ်ဆိုတော့လည်း ကျနော်တို့က အခုမှ ထိုင်းရောက်တာ ထိုင်းစကားကမတတ်ဘူး။ အခုက မရှိလို့ ထိုင်းလာပြီး အလုပ်လုပ်ပါတယ်ဆိုနေမှ သူတို့ကို တဖန် ပြန်လုပ်ကျွေးနေရတယ်။ ပတ်စပိုစ့် ဖိုးနဲ့တင် တော်တော်မွဲနေပြီ။ ဈေးတက်သွားတော့ ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲဗျာ။ ပတ်စပိုစ့် ရဖို့ အဓိကလေ ကျသလောက် ပေးရတာပေါ့ “ ဟု ၎င်းကပြောသည်။

အလားတူ ပတ်စပိုစ့် ဆောင်ရွက်ပေးနေသူ စိုင်းဟိန်း (အမည်လွှဲ) က “ အခု သူတို့ သက်တမ်းတိုးပေးနေတဲ့ နည်းက မဟုတ်သေးဘူး။ ပတ်စပိုစ့် အမျိုးအစား အမျိုးမျိုးကို ဒီ ၂ လပိုင်း ၁၃ ရက်အထိဘဲ တိုးပေးတာ။ လူက အများကြီးကို တစ်ခါတည်း သက်တမ်းအတူကုန်၊ တစ်ခါတည်း သက်တမ်းအတူတိုးမယ်ဆိုရင် မဖြစ်နိုင်ဘူးလေ။ လူဦးရေ သန်းနဲ့ချီကို တစ်ခါတည်း လုပ်ဖို့ခက်တယ်။ အချိန်ကြာတယ်“ ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် (PJ) စာအုပ် သက်တမ်းကုန်မည့် အလုပ်သမားအတွက် ဖေဖော်ဝါရီလမှ မေလ အထိ ၃ လ ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ပြုခဲ့ပြီး မေလ ၁၃ ရက် နောက်ဆုံးထား သက်တမ်းတိုးရမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ကြေညာထားသည်။

အချိန်ကာလ ၃ လ အတွင်း သက်တမ်းတိုးရမည့် အလုပ်သမား အရေအတွက်မှာ ၂ သန်းကျော် ရှိနေကြောင်း ထိုသို့ အချိန်မီ သက်တမ်း မတိုးပြီးနိုင်မည်ကို အလုပ်သမားများအနေဖြင့် စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...