Sunday, February 5, 2023

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ တိုကင်နံပါတ်ရရှိရန် ညအိပ်စောင့်ဆိုင်းနေ

Must read

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိတိုကင်နံပါတ် ရရှိဖို့အတွက် မြန်မာသံရုံးရှေ့ရှိ လမ်းမဘေးတွင် ညအိပ်စောင့်ဆိုင်းနေကြကြောင်း စုံစမ်း သိရှိရသည်။

တိုကင်နံပါတ်ရရှိရန် ညအိပ်စောင့်ဆိုင်းနေ

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ကစတင်ပြီး မြန်မာသံရုံးသည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးသော်လည်း ကိုယ်စားလှယ်များ စေလွှတ်ပြီး ထုတ်လုပ်ခြင်းကို လုံးဝထုတ်ပေးမည် မဟုတ်ကြောင်း သတိပေးထုတ်ပြန်ပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မိမိတိုကင်နံပါတ် ရောက်ရှိလာဖို့အတွက် ညဘက်ရောက်သည့်အထိ စောင့်ဆိုင်းနေကြသည်။

ဇန်နဝါရီ ၇ ရက်နေ့မှ စပြီး ယနေ့အထိ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိတိုကင် နံပါတ်ရဖို့အတွက် မြန်မာသံရုံးရှေ့ နှင့် လမ်းမကြီး ဘေးတလျောက်တွင် ၂၄ နာရီအတွင်း စောင့်ဆိုင်းနေရကြောင်း ဘန်ကောက်မြို့တွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား (အမည်လွှဲ) စိုင်းအောင်ခမ်းက ပြောသည်။

“မြန်မာသံရုံးဖွင့်လာတဲ့နေ့က စပြီးတော့ ဒီနေ့အထိဘဲ ဗီဇာသက်တမ်းသွားတိုးတဲ့သူတွေ ညဘက်အိပ်စောင့် ရတယ်။ မြန်မာသံရုံးမှာ ဗီဇာသက်တမ်း သွားတိုးတဲ့သူ တစ်နေ့ကို လူဦးရေ ထောင်နဲ့ချီရှိတယ်။ လူဦးရေများတော့လည်း တိုကင်နံပါတ်ရှည်တယ်၊ ရဖို့လည်း ကြာတယ်လေ။ “မြန်မာသံရုံးက ကိုယ်စားလှယ်လွှတ်ပြီး လာထုတ်ရင် မထုတ်ပေးဘူး” ဆိုလို့ သူတို့ ကိုယ်တိုင် လာစောင့်ကြတာ။ ညဘက်ရောက်ရင် စောင်တွေ နဲ့ လမ်းမကြီးဘေးမှာ အိပ်ပြီး မနက်ရုံးဖွင့်တဲ့အထိ စောင့်ရတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ မြန်မာသံရုံးသို့ ဗီဇာသက်တမ်းသွားတိုးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တစ်နေ့လျှင် လူဦးရေ ထောင်နှင့်ချီရှိပြီး နေပူပူ၊ လူအများကြားတွင် စောင့်ဆိုင်းရသည့်အတွက်ကြောင့် တချို့ မူးဝေကာ သတိမေ့လှစ်သွားကြောင်းလည်း သိရသည်။

မြန်မာသံရုံး၌ ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်မှာ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသူများဖြစ်ပြီး ကိုယ်စားလှယ်များစေလွှတ် လာရောက်ထုတ်လုပ်ခြင်းကို လုံးဝထုတ်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article