ရွေးကောက်ပွဲ

စစ်ရေးမတည်ငြိမ်မှုကြား လားရှိုးတက္ကသိုလ်ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့တွင် စစ်ရေးမတည်ငြိမ်မှုများကြားမှပင် လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း ဒေသခံ ကျောင်းသူ ကျောင်းသားများ ပြောပြချက်အရ သိရသည်။

အတုအယောင် ရွေးကောက်ပွဲအပေါ် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုအခိုင်အမာ ရရှိထားဟု စစ်ကော်မရှင်ပြော

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနေသော နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများကတော့ အခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ မြန်မာအလင်းသတင်းစာမှတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့...

PPP ပါတီ၏ တောင်ကြီး အမတ်လောင်းနှင့် သားဖြစ်သူ လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လွှတ်တော်အမတ်လောင်းနှင့် ၎င်း၏သားဖြစ်သူတို့ကို လူသတ်မှုစွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်မှ ဆုံးရှုံးနယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ဟု PNA ပြော

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးခဲ့သည် ကျေးရွာအချို့ကို ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပွဲကျေးရွာနှင့် လုံးပျဉ်ကျေးရွာတို့တွင် စစ်ကော်မရှင်တပ်၊ PNA ပူးပေါင်းတပ်တို့နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်...

သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက်...

ရွေးကောက်ပွဲကို အွန်လိုင်းပေါ်ဝေဖန်သည့် တောင်ကြီးရောက် လားရှိုးစစ်ရှောင် ထောင် ၇ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ တောင်ကြီးမြို့နယ် တရားရုံးက အေးသာယာမြို့တွင် ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးစစ်ဘေးရှောင် ကိုနေသွေး အား ရွေးကောက်ပွဲများကို...

UWSA ထိန်းချုပ် ဟိုပန်မြို့နယ်ထဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပါက ထောင်ချမည်ဟုဆို

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းပြကာ မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဟု ‘ဝ’တပ်ဖွဲ့ UWSA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၄) ရက်နေ့၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည့်...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

ရွေးကောက်ပွဲအတွက် မူဆယ်ရောက် ရွှေ့ပြောင်းလာသူများကို အိမ်ထောင်စုစာရင်းအသစ် လုပ်ပေး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူများကို ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးဌာန(လဝက) က အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပရန် ကြေညာထားသည်။ သို့သော်လည်း မေလဆန်းပိုင်းမှ စတင်ပြီး...

Latest news