ရွေးကောက်ပွဲကို အွန်လိုင်းပေါ်ဝေဖန်သည့် တောင်ကြီးရောက် လားရှိုးစစ်ရှောင် ထောင် ၇ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ တောင်ကြီးမြို့နယ် တရားရုံးက အေးသာယာမြို့တွင် ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးစစ်ဘေးရှောင် ကိုနေသွေး အား ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၇) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၅) ရက်တွင် စစ်ကောင်မရှင်တပ် လုံခြုံရေးအဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ အေးသာယာမြို့ ရပ်ကွက်(၁)၊ အမှတ် (၄၄/၅၇) တွင် နေထိုင်သူ ကိုနေသွေး အား နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ပြီး အေးသာယာမြို့မရဲစခန်းတွင် ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့်ခံခဲ့ရသည်။

“ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိရမယ်။ ဒါက သူမကြိုက်တဲ့ စစ်အာဏာရှင်နဲ့ စစ်တပ်ရဲ့ ပြည်သူအပေါ် လုပ်ရပ်တွေကို ထောက်ပြတာပဲလေ။ အဲ့လောက်လေး ထောက်ပြတာနဲ့ ထောင်ချတယ်ဆိုတော့ မဖြစ်သင့်ဘူးလေ၊ ဒါက သူတို့ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ ယူဆရင် ဘယ်လိုမျိုးပဲဖြစ်ဖြစ် ထောင်ချနိုင်လို့ လူတိုင်း သတိထားရမှာ”ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက်(၅) ၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်၍ ကားလုယူသွားသည့် ဖြစ်စဉ်ကို Lashio Baegyi အမည်ရှိ ဖေ့စ်ဘုတ် အကောင့်ဖြင့် ပြန်လည်မျှဝေရာတွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ဝေဖန်ရေးသားထားသည်။

ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၂၉ ရက်တွင် စစ်ကော်မရှင်မှ အသစ်ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(က) အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်ပြားစေရန် ‌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တားမြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အကယ်၍ ၎င်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် အနည်းဆုံး ထောင်ဒဏ် (၃)နှစ်မှ အများဆုံး (၇)နှစ်အထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဆိုထားသည်။

ထိုဥပဒေအရ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ် ရေးသားချက်များကိုပါ စောင့်ကြည့်လျက်ရှိကာ တစ်လကျော်အတွင်း အမှု(၃)မှု အရေးယူခဲ့ကြောင်း စက်တင်ဘာလ (၅) ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...