ရွေးကောက်ပွဲအတွက် မူဆယ်ရောက် ရွှေ့ပြောင်းလာသူများကို အိမ်ထောင်စုစာရင်းအသစ် လုပ်ပေး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူများကို ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးဌာန(လဝက) က အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပရန် ကြေညာထားသည်။

သို့သော်လည်း မေလဆန်းပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် စုပေါင်းရုံးတွင် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ စစ်ဘေးရှောင်နှင့် ရွှေ့ပြောင်းလုပ်သားများကို အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့် ပြောသည်။

“အခုမူဆယ်မှာ ရောက်နေတဲ့ ပြည်မက လူတွေရော၊ အခန်းဌားနေတဲ့ လူတွေရော၊ အိမ်မရှိတဲ့ လူတွေရော သူတို့ (လဝက)က မူဆယ်အိမ်ထောင်စုစာရင်း လုပ်ပေးနေတယ်။ အိမ်ထောင်စုစာရင်း လုပ်လို့ရပြီ ဆိုရင်တော့ မှတ်ပုံတင်လည်း သေချာသွားပြီ” ဟု ၎င်းက ပြောသည်။

ထို့ပြင် မူဆယ်မြို့သို့ ရောက်လာသည့် တရုတ်နိုင်ငံသားများကိုလည်း အလားတူ အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေး နေကြောင်း ၎င်းက ဆက်ပြောသည်။

လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသည့် မည်သူမဆို ပါဝင်မဲပေးခွင့်ရရှိရေး လိုအပ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ အကြောင်း အမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့လျှင်လည်း ပြန်လည်ပြုလုပ်ပေးသွားမည်ဟု ဇူလိုင် ၂၁ ရက်နေ့က နောင်ချိုမြို့ရှိ အရာရှိ၊ စစ်သည်များနှင့် သွားရောက်တွေ့ဆုံခဲ့စဉ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်ကပြောကြားခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း မူဆယ်မြို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ ထောင်နှင့်ချီရှိသကဲ့သို့ နယ်စပ်ဂိတ်ပေါက်များမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းလုပ်သား သောင်းနှင့်ချီ ရှိကြောင်း ဒေသခံများက ပြောသည်။

မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်းမြို့၊ မန့်ဟီးရိုးမြို့အပြင် နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့မှ ကွတ်ခိုင်မြို့မှ စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ရုံးများသည် လက်ရှိတွင် မူဆယ်မြို့ပေါ်၌ လာရောက်ဖွင့်လှစ်ထားကြောင်း သိရသည်။

ထိုကြောင့် ယင်းမြို့မှဒေသခံများလည်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း လုပ်ရန်အတွက် မူဆယ်မြို့ပေါ်တွင် လာရောက်စုပုံကာ ပြုလုပ်နေရကြောင်း မူဆယ်မြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“တခြားမြို့နယ်၊ တခြားပြည်နယ်ကလူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးတော့ နောက်ပိုင်းကျရင် မူဆယ်မြို့မှာ ဒေသခံထက် တခြားမြို့နယ်ကပြောင်းလာတဲ့လူတွေ ပိုများလာမယ်။ ရှင်းရှင်းပြောရရင်တော့ ကိုယ့်လူမျိုးကို အခြားလူမျိုးက ဝါးမျိုတာခံရတာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့တွင်လည်း စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင် (UEC) သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်သည် မြို့နယ်ပေါင်း ၁၀၂ ခုစာရင်းအား ကြေညာထားသည်။

ထိုထဲတွင် သျှမ်းပြည် မြို့နယ်ပေါင်း ၁၂ ခုပါဝင်ပြီး ယင်းမြို့မှာ ယင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေး၊ လွိုင်လင်တို့ ဖြစ်သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ကို မဲများသူ အနိုင်ရ (FPTP) စနစ်ဖြင့် လည်းကောင်း၊ အမျိုးသားလွတ်တော်၊ တိုင်းနှင့် ပြည်နယ် လွတ်တော်တို့အား မဲများသူ အနိုင်ရ (FPTP) စနစ်အပြင် အချိုးကျကိုယ်စားပြု (PR) စနစ် ပေါင်းစပ်ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေညာထားသည်။

အမျိုးသားလွှတ်တော်အတွက် တိုင်းနှင့် ပြည်နယ်တခုလျှင် ၁၂ ဦးစီ ရွေးကောက်မည်ဖြစ်ရာ ၆ ဦးကို FPTP စနစ်၊ ကျန် ၆ ဦးကို PR စနစ်ဖြင့် ရွေးမည်ဖြစ်ပြီး တမြို့နယ်လျှင် ၂ ဦး ရွေးကောက်မည့် တိုင်းနှင့် ပြည်နယ် လွှတ်တော်အတွက်မူ ၁ ဦးအား FPTP စနစ်ဖြင့်လည်းကောင်း၊ ကျန် ၁ ဦးကို PR စနစ်ဖြင့် လည်းကောင်း ရွေးကောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် တောင်းဆိုသူ၏ ပြည်တွင်းနေရပ်လိပ်စာ အပြည့်အစုံအပါအဝင် လက်ရှိရောက်နေသည့် နိုင်ငံတွင် နေထိုင်သည့် လိပ်စာများကိုပါ ဖြည့်စွက်ရမည့် ပုံစံ (၁၅) ၌ အချက်အလက်ဖြည့်ပြီး သြဂုတ် ၂၁ ရက်မှ စက်တင်ဘာလ ၈ ရက်အထိ သံရုံးများသို့ ပေးပို့ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...