အိမ်ထောင်စုအသစ်
ရွေးကောက်ပွဲအတွက် မူဆယ်ရောက် ရွှေ့ပြောင်းလာသူများကို အိမ်ထောင်စုစာရင်းအသစ် လုပ်ပေး
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူများကို ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးဌာန(လဝက) က အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပရန် ကြေညာထားသည်။ သို့သော်လည်း မေလဆန်းပိုင်းမှ စတင်ပြီး...





