PPP ပါတီ၏ တောင်ကြီး အမတ်လောင်းနှင့် သားဖြစ်သူ လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လွှတ်တော်အမတ်လောင်းနှင့် ၎င်း၏သားဖြစ်သူတို့ကို လူသတ်မှုစွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့၊ ရပ်ကွက်(၁) နယ်မြေ (၂) တွင် နေထိုင်သည့် PPP ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီး နှင့် ၎င်း၏သား စိုင်းကျော်စိုးမိုး တို့က အိမ်နီးချင်းဖြစ်သူ ဦးစိုင်းထွန်းဆာ ဆိုသူအား နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်း ၂ နာရီခွဲ အချိန်ခန့်တွင် ဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူ တောင်ကြီးဒေသခံများက ပြောသည်။

ပတ်ဝန်းကျင်က လူတွေ ပြောတာကျတော့ ကြက်ခိုးတာ မဟုတ်ဘူး။ အခု သတ်တဲ့သူနဲ့ အသတ်ခံရတဲ့သူ အိမ်က ကပ်ရပ်လေ။ ရှေ့မှာ လမ်းမကြီး၊ သူတို့နှစ်အိမ် နောက်ဘက်က လမ်းကြားသေးသေးလေး ရှိတယ်။ အသတ်ခံရတဲ့ ဦးလေးက အဲဒီဘက်ကနေ ပြန်လာတာ၊ အဲဒါကို အမတ်လောင်းရဲ့သားက သူခိုး၊ သူခိုး ဆိုပြီး အော်ကာ သူတို့သားအဖ ဝိုင်းရိုက်တာလို့လည်း ပြောကြတာ”- ဟု အေးသာယာမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်ည (မြန်မာ့ရိုးရာ ပံ့သကူပစ်ခြင်း သို့မဟုတ် သူခိုးကြီးည) တွင် တောင်ကြီးမြို့နေ PPP ပါတီ လွှတ်တော်အမတ်လောင်း ဦးစိုင်းရွှေထီးနှင့် ၎င်း၏သားဖြစ်သူ တို့သည် ကြက်ခိုးယူရန် ကြိုးပမ်းသည်ဟု အိမ်နီးချင်း အမျိုးသားတစ်ဦးကို စွပ်စွဲကာ တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ရာမှ လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် ဖော်ပြသည်။

ကြက်ခိုးသည်ဟု စွပ်စွဲခံရပြီး PPP အမတ်လောင်း သားအဖ ရိုက်နှက်မှုကြောင့် သေဆုံးသူ (ဓာတ်ပုံ-တယ်လီဂရမ်)

အဲဒီ အမတ်လောင်းရဲ့ သားကလည်း နဂိုကတည်းက ဆေးကြောင်သလို၊ အရက်ကြောင်သလို ဖြစ်နေတာ။ အရင်ကလည်း ရွာထဲက အိမ်တွေကို ကြောင်ပြီး ခဲနဲ့ လိုက်ပစ်သေးတယ်။ အဲဒီ အမတ်လောင်းသားနဲ့ အသတ်ခံရတဲ့ ဦးလေးနဲ့ကလည်း သူတို့အရင်က ဘော်ဒါတွေ။ ဘာအမှုနဲ့ အရေးယူတယ်လို့တော့ မသိဘူး၊ ဖမ်းသွားတာပဲ သိတယ်” – ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ၎င်းတို့သားအဖကို နိုဝင်ဘာလ ၅ ရက်တွင် ဖမ်းဆီးခဲ့ပြီး တောင်ကြီးမြို့၊ အေးသာယာ နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု၊ လူသတ်ရန် အားပေး ကူညီမှု) စွဲချက်များဖြင့် အမှုဖွင့်ကာ ချုပ်နှောင်ထားကြောင်း သိရသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးမှ အိမ်နီးချင်းတစ်ဦးအား ရိုက်နှက်ရာမှ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ပြီး ဝေဖန်မှုများလည်း မြင့်တက်နေကြောင်း တောင်ကြီးမြို့ခံများက ပြောသည်။

ဦးစိုင်းရွှေထီးသည် လာမည့်ရွေးကောက်ပွဲတွင် PPP ပါတီကိုယ်စားပြု၍ အချိုးကျ (PR) စနစ်ဖြင့် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်ကောင်စီလက်အောက်ခံ UEC မှ အမည်စာရင်း ကြေညာထားသူ ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲမတိုင်မီ လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရခြင်းကြောင့် ၎င်း၏ ကိုယ်စားလှယ်လောင်းနေရာ လစ်လပ်သွားခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့် ကန့်သတ်ရက် ကျော်လွန်သွားခြင်းကြောင့် အစားထိုး၍ မရတော့ကြောင်း PPP ပါတီ ဒုဥက္ကဋ္ဌ ဦးစောဟန်အေး က မီဒီယာများတွင် ဖြေကြားထားသည်။

အခြားတစ်ဖက်တွင်လည်း PPP ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင် အား လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာလကုန်ပိုင်းတွင် ကြေညာခဲ့ရာ ၎င်းက အသနားခံစာ တင်သွင်းထားသော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေးပါ။

လာမည့် ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် PPP ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝန်းလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...