သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် (၅၆) နယ်တွင် သျှမ်းပြည်မှ (၁၇) မြို့နယ် ပါဝင်သည်။

“ဒီမြို့နယ်တွေကို လက်လွှတ်ထားရတယ်လို့ ဝန်ခံလိုက်တဲ့ သဘောပါ။ ဒါပေမယ့် အခုဟာက နိုင်သူအကုန်ယူ စနစ်အတွက်ပဲ ဖြစ်လို့ အချိုးကျစနစ်နဲ့ တက်လာမယ့်သူ ရှိဦးမှာပဲ။ ဥပမာ -‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာ မက်မန်းမြို့နယ် ကျန်သေးလို့ သူ့အတွက် ‘ဝ’နယ်တခုလုံး ကိုယ်စားပြု ရသွားမှာပဲ၊ ပလောင်နဲ့ ကိုးကန့်ကတော့ မယူတော့ဘူးဆိုတဲ့ သဘောပေါ့”ဟု သျှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထဲတွင် ပြည်သူ့လွှတ်တော်နှင့် သျှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင် (၅) မြို့နယ်၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ် မဘိမ်းမြို့နယ်တို့ ပါဝင်သည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုးမိတ် (၆) မြို့နယ်၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း (၄) မြို့နယ်တို့ ပါဝင်ကြောင်း UEC ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်များတွင် အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထူးခြားချက်အနေဖြင့် TNLA ထိန်းချုပ်ထားပြီး စစ်ကော်မရှင်ထံ ပြန်လည်စွန့်လွှတ်မည်ဟု သတင်းထွက်ပေါ်နေသည့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့မှာ ရွေးကောက်ပွဲ မကျင်းပမည့် စာရင်းထဲ မပါဝင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရာတွင် ပါဝင်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“စစ်တပ်က ပြန်ရထားတဲ့ နောင်ချိုနဲ့ လားရှိုးမှာ ရွေးကောက်ပွဲ ပထမပိုင်း လုပ်မယ်လို့ ကြေညာထားပြီးသား။ သူ့အတွက် နယ်မြေပိုရအောင် ကျောက်မဲနဲ့ သီပေါကတော့ ရအောင်ပြန်ယူမယ့် သဘောမှာရှိတယ်။ ပလောင်ကလည်း ပြန်ပေးမယ်လို့ သတင်းထွက်ထားတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ သေချာသလောက် ဖြစ်သွားပြီ”ဟု အဆိုပါ နိုင်ငံရေးလေ့လာသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တစ်နိုင်ငံလုံး နေရာမလပ် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် စစ်ကော်မရှင်လက်အောက်ခံ UEC သည် ပြည်သူ့လွှတ်တော် FPTP မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် ၇၅ နယ်နှင့် PR မဲဆန္ဒနယ် ၂၆ နယ်၊ ပြည်နယ်/တိုင်းလွှတ်တော် FPTP မဲဆန္ဒနယ် ၂၆၆ နယ်နှင့် PR မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းရင်းသားလူမျိုး FPTP မဲဆန္ဒနယ် ၂၉ နယ်တို့တွင် ရွေးကောက်ပွဲကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...