ပင်လောင်းမြို့နယ်မှ ဆုံးရှုံးနယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ဟု PNA ပြော

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးခဲ့သည် ကျေးရွာအချို့ကို ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပွဲကျေးရွာနှင့် လုံးပျဉ်ကျေးရွာတို့တွင် စစ်ကော်မရှင်တပ်၊ PNA ပူးပေါင်းတပ်တို့နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်နှင့် PNA ပူးပေါင်းတပ်တို့က ၎င်းနယ်မြေကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ယခုနှစ် ၂၀၂၅ ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် စစ်ကော်မရှင်ဘက်က လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၁) ထဲ (၁၀၂)မြို့နယ် ကျင်းပသွားမည်ဟု တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းထုတ်ပြန်ခဲ့ရာ ထိုထဲတွင် သျှမ်းပြည်မှ (၁၂)မြို့နယ် ပါဝင်ခဲ့သည်။

ထိုသို့ စာရင်းထုတ်ပြန်လာပြီးနောက် စစ်ကော်မရှင်သည် ၎င်းလက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူရန်အတွက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ခဲ့သည်။

အလားတူပင် စစ်ကော်မရှင်၏ လက်အောက်ခံ PNA လည်း ၎င်းလက်လွှတ်ဆုံးရှုံးခဲ့သည့် နယ်မြေများကို မြေပြင်ထိုးစစ်ဆင်မှု အပြင်းအထန် ပြုလုပ်လာသည်။

“အခုတော့ နန်းနိမ့်ဘက်ကတော့ တိုက်ပွဲငြိမ်သွားပြီ။ ပြည်သူတွေတော့ မပြန်ရသေးဘူး၊ နေအိမ်ထဲမှာ မိုင်းတွေရှိနိုင်လို့ မိုင်းတွေ ရှင်းလင်းပေးနေတာ။ ရွေးကောက်ပွဲ မတိုင်ခင် ထိန်းချုပ်နိုင်ခဲ့တာပေါ့လေ။ ရွေးကောက်ပွဲပြီးရင်တော့ အားလုံးက ငြိမ်းချမ်းပြီး လွတ်လပ်သွားမယ်”ဟု PNA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်စံအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာလတွင် ပထမပိုင်းအနေဖြင့် ကျင်းပမည်ဖြစ်ပြီး PNO ဘက်မှလည်း ပြည်ပရောက် ပအိုဝ်းပြည်သူများ မဲပေးရန် ဖိအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။

“အခုလောလောဆယ် တိုက်ပွဲဖြစ်တာ မကြားရတော့ဘူး။ PNA/PNO ဘက်က ပြန်ရသွားတာလားတော့ မသိဘူး။ စစ်ရှောင်တွေကတော့ မပြန်သေးဘူး” ဟု ပင်လောင်းဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၃ ထောင်ကျော်သည် ပင်လောင်းမြို့နှင့် ဆောင်းပြောင်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ လက်ရှိတွင် စစ်ဘေးရှောင်များ အတွက် အလှူရှင်များ မရှိတော့သဖြင့် စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...