UWSA ထိန်းချုပ် ဟိုပန်မြို့နယ်ထဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပါက ထောင်ချမည်ဟုဆို

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းပြကာ မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဟု ‘ဝ’တပ်ဖွဲ့ UWSA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ (၄) ရက်နေ့၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည့် UWSA ၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဟိုပန်မြို့နယ်အတွင်း ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တစ်ခုတည်းသာ ရှိပြီး အခြားပါတီ အဖွဲ့အစည်း မရှိကြောင်း၊ စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို အကြောင်းပြကာ အာဏာနှင့် ငွေကြေးသုံးပြီး ဒေသခံများကို မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု ဟိုပန်ဒေသခံများက ပြောသည်။

“အဓိကတော့ ‘ဝ’ဘက်က ဟိုပန်ကို လက်မလွှတ်ချင်တာ၊ သူတို့အာဏာကျဆင်းမှာ ကြောက်တာ။ သူတို့ပြောတာ ဟိုပန်ထဲမှာ ‘ဝ’ပါတီ UWSP တစ်ခုတည်းပဲ ရှိရမယ်၊ တခြားပါတီ တခြားအဖွဲ့အစည်း မရှိရဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာကပဲလာလာ ငွေကြေးနဲ့ဖြစ်စေ အာဏာသုံးပြီးဖြစ်စေ လူအများကို စည်းရုံးလှုံ့ဆော်တာ၊ ရွေးကောက်ပွဲအကြောင်းပြ မဲဆွယ်တာမျိုး မလုပ်ရဘူးလို့ တားထားတယ်”ဟု ဟိုပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တားမြစ်သည့် ‘ဝ’တပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောဆိုချက်နှင့် ပတ်သတ်၍ မေးမြန်းအတည်ပြုနိုင်ရန် ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း စုံစမ်း‌မေးလိုက်ပါဦးမည် ဟု ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကော်မရှင်က ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် UWSA ထိန်းချုပ် ဟိုပန်နှင့် ပန်လုံမြို့တို့တွင် လူထုစည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်း တွေ့ရှိပါက တိုင်ကြားရန် အသိပေးထားကြောင်း၊ ‘ဝ’တပ်ဖွဲ့ အုပ်ချုပ်သည့် နေရာတိုင်းတွင် UWSP ပါတီ တစ်ခုတည်း ရှိပြီး အခြားပါတီ မရှိကြောင်း၊ မဲပုံးထောင်ခွင့်လည်း မပြုထားကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ‘ဝ’လူငယ်အသံ Wa News Land မှ စက်တင်ဘာလ (၅) ရက်တွင် သတင်းဖော်ပြထားသည်။

“ဗမာပါတီတွေကို မဲမထည့်နဲ့လို့တော့ ပြောသံမကြားဘူး၊ ဟိုပန်ထဲမှာ ပါတီတစ်ခုပဲ ရှိရမယ်။ အာဏာသုံးပြီးတော့ ငွေသုံးပြီးတော့ တစ်ယောက်ယောက်က မဲဆွယ်စည်းရုံးတယ်၊ အတင်းအဓမ္မ ဖိနှိပ်ပြီးတော့ လက်မှတ်ထိုးခိုင်းတာမျိုး မရှိရဘူး မလုပ်ရဘူး။ တကယ်လို့ ရှိလာရင် ပြစ်ဒဏ် (၁၀) နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ထားတာ”ဟု ဟိုပန်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

သို့သော် ဩဂုတ်လအတွင်း နိုင်ငံတော်မှ သာသနာရေးဘွဲ့တံဆိပ် ချီးမြှင့်ခံထားရသူ တစ်ဦးမှ နိုင်ငံရေးပါတီ တည်ထောင်ရန် သို့မဟုတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ထောက်ခံပေးရန် ဟိုပန်ဒေသခံများထံ လူဦးရေစာရင်း လာရောက်ကောက်ခံခြင်း၊ မှတ်ပုံတင် တောင်းခံပြီး ထောက်ခံခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် UWSA ဘက်မှ ယခုကဲ့သို့ တားမြစ်လာခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့တို့ကို ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းတွင် ‘ဝ’တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဇွန်လမှ စတင်ကာ ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ UWSA ၏ အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် လည်ပတ်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်မှုလက်အောက်ရှိ ဟိုပန်ခရိုင် အုပ်ချုပ်ရေးမှူးကို မိန်းကလေးငယ် အပါအဝင် အမျိုးသမီး (၄) ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ တရုတ်ယွမ် သုံးသိန်းကို အများပြည်သူရှေ့ ပြစ်ဒဏ်ချမှတ်ပြီး ရာထူးဖြုတ်ချလိုက်ကြောင်း အဆိုပါ ဟိုပန်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

“ဟိုပန်မှာ အုပ်ချုပ်ရေးမှူးအသစ်အတွက် လူ (၃) ယောက် ရွေးထားတယ်၊ လူရထားပြီလို့ ပြောတယ်။ အဲ့တာလည်း လာဘ်ထိုးထားတယ်လို့ ကြားတယ်။ အခွန်ကလည်း လတိုင်းကောက်နေလို့ ပြည်သူလည်း တော်တော်ပြောနေကြပြီ။ အခုက ဟိုပန်မြို့ထဲမှာ အရင်လူဟောင်းတွေ ပြန်လာအုပ်ချုပ်ဖို့ လုပ်နေကြတယ်လို့လည်း ပြောသံထွက်နေတယ်”ဟု ဟိုပန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် ရွေးကောက်ပွဲကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း WSTV မှ ဩဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်အစိုးရ အဆက်ဆက်နှင့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို UWSA နှင့် NDAA ထိန်းချုပ်နယ်မြေများတွင် ယခင်က မကျင်းပနိုင်ခဲ့သော်လည်း အဆိုပါ ခရီးစဉ်ပြီးနောက် UWSA ထိန်းချုပ် အထူးဒေသ(၂) ‘ဝ’ဒေသနှင့် NDAA ထိန်းချုပ် အထူးဒေသ(၄) မိုင်းလားဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီဘက်က ခြေလှမ်းပြင်ဆင်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

အခြားတစ်ဘက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူး ရယူထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဩဂုတ်လ (၁) ရက်၌ သျှမ်းပြည်အတွင်း (၁၅) မြို့နယ်ကို အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ထိုထဲတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ဟိုပန်မြို့နယ်နှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်တို့လည်း ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...