Tuesday, January 27, 2026

UWSA ထိန်းချုပ် ဟိုပန်မြို့နယ်ထဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပါက ထောင်ချမည်ဟုဆို

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းပြကာ မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဟု ‘ဝ’တပ်ဖွဲ့ UWSA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ (၄) ရက်နေ့၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည့် UWSA ၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဟိုပန်မြို့နယ်အတွင်း ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တစ်ခုတည်းသာ ရှိပြီး အခြားပါတီ အဖွဲ့အစည်း မရှိကြောင်း၊ စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို အကြောင်းပြကာ အာဏာနှင့် ငွေကြေးသုံးပြီး ဒေသခံများကို မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု ဟိုပန်ဒေသခံများက ပြောသည်။

“အဓိကတော့ ‘ဝ’ဘက်က ဟိုပန်ကို လက်မလွှတ်ချင်တာ၊ သူတို့အာဏာကျဆင်းမှာ ကြောက်တာ။ သူတို့ပြောတာ ဟိုပန်ထဲမှာ ‘ဝ’ပါတီ UWSP တစ်ခုတည်းပဲ ရှိရမယ်၊ တခြားပါတီ တခြားအဖွဲ့အစည်း မရှိရဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာကပဲလာလာ ငွေကြေးနဲ့ဖြစ်စေ အာဏာသုံးပြီးဖြစ်စေ လူအများကို စည်းရုံးလှုံ့ဆော်တာ၊ ရွေးကောက်ပွဲအကြောင်းပြ မဲဆွယ်တာမျိုး မလုပ်ရဘူးလို့ တားထားတယ်”ဟု ဟိုပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တားမြစ်သည့် ‘ဝ’တပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောဆိုချက်နှင့် ပတ်သတ်၍ မေးမြန်းအတည်ပြုနိုင်ရန် ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း စုံစမ်း‌မေးလိုက်ပါဦးမည် ဟု ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကော်မရှင်က ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် UWSA ထိန်းချုပ် ဟိုပန်နှင့် ပန်လုံမြို့တို့တွင် လူထုစည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်း တွေ့ရှိပါက တိုင်ကြားရန် အသိပေးထားကြောင်း၊ ‘ဝ’တပ်ဖွဲ့ အုပ်ချုပ်သည့် နေရာတိုင်းတွင် UWSP ပါတီ တစ်ခုတည်း ရှိပြီး အခြားပါတီ မရှိကြောင်း၊ မဲပုံးထောင်ခွင့်လည်း မပြုထားကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ‘ဝ’လူငယ်အသံ Wa News Land မှ စက်တင်ဘာလ (၅) ရက်တွင် သတင်းဖော်ပြထားသည်။

“ဗမာပါတီတွေကို မဲမထည့်နဲ့လို့တော့ ပြောသံမကြားဘူး၊ ဟိုပန်ထဲမှာ ပါတီတစ်ခုပဲ ရှိရမယ်။ အာဏာသုံးပြီးတော့ ငွေသုံးပြီးတော့ တစ်ယောက်ယောက်က မဲဆွယ်စည်းရုံးတယ်၊ အတင်းအဓမ္မ ဖိနှိပ်ပြီးတော့ လက်မှတ်ထိုးခိုင်းတာမျိုး မရှိရဘူး မလုပ်ရဘူး။ တကယ်လို့ ရှိလာရင် ပြစ်ဒဏ် (၁၀) နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ထားတာ”ဟု ဟိုပန်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

သို့သော် ဩဂုတ်လအတွင်း နိုင်ငံတော်မှ သာသနာရေးဘွဲ့တံဆိပ် ချီးမြှင့်ခံထားရသူ တစ်ဦးမှ နိုင်ငံရေးပါတီ တည်ထောင်ရန် သို့မဟုတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ထောက်ခံပေးရန် ဟိုပန်ဒေသခံများထံ လူဦးရေစာရင်း လာရောက်ကောက်ခံခြင်း၊ မှတ်ပုံတင် တောင်းခံပြီး ထောက်ခံခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် UWSA ဘက်မှ ယခုကဲ့သို့ တားမြစ်လာခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့တို့ကို ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းတွင် ‘ဝ’တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဇွန်လမှ စတင်ကာ ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ UWSA ၏ အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် လည်ပတ်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်မှုလက်အောက်ရှိ ဟိုပန်ခရိုင် အုပ်ချုပ်ရေးမှူးကို မိန်းကလေးငယ် အပါအဝင် အမျိုးသမီး (၄) ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ တရုတ်ယွမ် သုံးသိန်းကို အများပြည်သူရှေ့ ပြစ်ဒဏ်ချမှတ်ပြီး ရာထူးဖြုတ်ချလိုက်ကြောင်း အဆိုပါ ဟိုပန်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

“ဟိုပန်မှာ အုပ်ချုပ်ရေးမှူးအသစ်အတွက် လူ (၃) ယောက် ရွေးထားတယ်၊ လူရထားပြီလို့ ပြောတယ်။ အဲ့တာလည်း လာဘ်ထိုးထားတယ်လို့ ကြားတယ်။ အခွန်ကလည်း လတိုင်းကောက်နေလို့ ပြည်သူလည်း တော်တော်ပြောနေကြပြီ။ အခုက ဟိုပန်မြို့ထဲမှာ အရင်လူဟောင်းတွေ ပြန်လာအုပ်ချုပ်ဖို့ လုပ်နေကြတယ်လို့လည်း ပြောသံထွက်နေတယ်”ဟု ဟိုပန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် ရွေးကောက်ပွဲကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း WSTV မှ ဩဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်အစိုးရ အဆက်ဆက်နှင့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို UWSA နှင့် NDAA ထိန်းချုပ်နယ်မြေများတွင် ယခင်က မကျင်းပနိုင်ခဲ့သော်လည်း အဆိုပါ ခရီးစဉ်ပြီးနောက် UWSA ထိန်းချုပ် အထူးဒေသ(၂) ‘ဝ’ဒေသနှင့် NDAA ထိန်းချုပ် အထူးဒေသ(၄) မိုင်းလားဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီဘက်က ခြေလှမ်းပြင်ဆင်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

အခြားတစ်ဘက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူး ရယူထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဩဂုတ်လ (၁) ရက်၌ သျှမ်းပြည်အတွင်း (၁၅) မြို့နယ်ကို အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ထိုထဲတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ဟိုပန်မြို့နယ်နှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်တို့လည်း ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...